လေဒီလေးတိုင်း Inner Beauty ပိုင်ဆိုင်နိုင်စေဖို့
အထွေထွေ

လေဒီလေးတိုင်း Inner Beauty ပိုင်ဆိုင်နိုင်စေဖို့

Admin

📅 08.10.2025
လေဒီလေးတော်တော်များများက ကိုယ်ရောစိတ်ပါလှပပြီး ကိုယ်တွင်းရော ကိုယ်ပကိုပါ ကျန်းမာလှပချင် ကြပါတယ်။ ဒီလိုမျိုး ကြည့်လိုက်တိုင်း လှပနေစေမယ့် Inner Beauty ကို ပိုင်ဆိုင်နိုင်စေဖို့ လေဒီလေးတွေ နေ့စဉ်တိုင်းမှာ လိုက်နာသင့်တဲ့ အလေ့အထလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ 

လေဒီလေးတိုင်း Inner Beauty ပိုင်ဆိုင်နိုင်စေဖို့

လေဒီလေးတိုင်း Inner Beauty ပိုင်ဆိုင်နိုင်စေဖို့ဆိုရင်တော့ စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့် အလေ့အထလေးတွေကို မွေးမြူပေးဖို့ လိုပါမယ်။ အလွယ်ဆုံး ပြောရရင်တော့ ကိုယ့်ကိုယ်ကိုယ် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒါကြောင့် လေဒီလေးတိုင်း Inner Beauty ကို ပိုင်ဆိုင်နိုင်စေဖို့ဆိုရင်တော့ - 
  • တရားထိုင်ပါ
အသက်ရှူလေ့ကျင့်ခန်း လုပ်ပြီး နေ့စဉ်ပုံမှန် ၁၅ မိနစ်ကနေ နာရီဝက်လောက် တရားထိုင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ကိုယ်တွင်းကိုယ်ပ လှကကျန်းမာမှုတွေကို ပိုင်ဆိုင်နိုင်စေမှာပါ။
  • အာဟာရ ပြည့်ဝမျှတအောင် စားပါ
နေ့စဉ် စားသောက်မှုတွေမှာ ခန္ဓာကိုယ်ကိုရော စိတ်ပိုင်းဆိုင်ရာကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို များများလေး စားပေးပါ။ ဒီလို စားပေးတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
  • သဘာဝနဲ့ ထိတွေ့ပါ
နေ့စဉ်တိုင်းမှာ အပင်တွေ၊ ကျေးငှက်တိရိစ္ဆာန်လေးတွေနဲ့ ထိတွေ့တာ၊ သဘာဝဆန်တဲ့အနေအထားတွေနဲ့ ထိတွေ့ခွင့်ရတာကလည်း စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး Inner Beauty ကို ပိုင်ဆိုင်နိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 
  • မိတ်ဆွေတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့
ခင်မင်ရင်းနှီးရတဲ့ မိတ်တွေ သူငယ်ချင်းတွေနဲ့ အချိန်ရရင် ရသလို တွေ့ဆုံတာ စကားစမြည်ပြောတာနဲ့ အတူ တွေ့ဆုံ စားသောက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးသလို Inner Beauty ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
  • အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝတာကလည်း စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို Inner Beauty ရရှိစေဖို့လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် ညဘက်တိုင်းမှာ အိပ်ရေးဝဝ အိပ်ပျော်ဖို့ ဂရုစိုက်ပေးပါ။ 
  • အကောင်းမြင်စိတ် ထားပါ
ပင်ပန်းခက်ခဲနေချိန်မှာ အကောင်းမြင်ဖို့က ခက်တယ်ဆိုပေမယ့် အချိန်တိုင်းကို တတ်နိုင်သမျှ အကောင်းမြင်စိတ် ထားပေးတာကလည်း Inner Beauty  ပိုင်ဆိုင်နိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ 
နေ့စဉ်တိုင်းမှာ Gym ဆော့တာ၊ ယောဂ လေ့ကျင့်တာနဲ့ တစ်ခုခုသော ကိုယ်လက်လှုပ်ရှားမှုကို ၁၅ မိနစ် ကနေ နာရီဝက်လောက် လုပ်ဆောင်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး Inner Beauty ပိုင်ဆိုင်နေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 
  • ရေလုံလုံလောက်လောက် သောက်ပါ
နေ့စဉ်တိုင်းမှာ ခန္ဓာကိုယ် အလေးချိန်နဲ့ ကိုက်ညီအောင် ရေကို လုံလုံလောက်လောက် သောက်ပေးတာက ဦးနှောက်ကျန်းမာစေဖို့ရော စိတ်ခံစားမှု ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်သလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေ ဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 
  • ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
Inner Beauty ကို ပိုင်ဆိုင်နိုင်စေဖို့ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာပျော်ရွှင်စေဖို့ ဂရုစိုက်ပေးပါ။
  • ပြုံးပါ
နေ့စဉ်တိုင်းမှာ ကိုယ်တိုင်ရော အခြားသူတွေပါ စိတ်ချမ်းသာစေဖို့အတွက် အများနဲ့ ပေါင်းသင်းဆက်ဆံတိုင်းမှာ ပြုံးထားပါ။ ဒီလို ပြုံတာက ကိုယ်တိုင်ကိုရော တွေ့ဆုံရတဲ့သူတိုင်းကိုပါ စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး Inner Beauty ပိုင်ဆိုင်နိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 
 Lotoshinn ရဲ့ စကားလက်ဆောင် ကောင်းမွန်တဲ့ စိတ်သဘောထားနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပေးတာက inner Beauty ကို ပိုင်ဆိုင်နိုင်စေဖို့ရော နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ အဓိက သော့ချက် တစ်ခုပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ ပြည့်ဝအောင် စားသောက်ရင်း ကိုယ်လက်လှုပ်ရှားမှုတွေကို သေချာလေး လုပ်ပေးဖို့ အကြံပြုလိုက်ပါရစေ။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!