သားအိမ်ကင်ဆာရဲ့ အစောပိုင်းလက္ခဏာလေးများအကြောင်း
အထွေထွေ

သားအိမ်ကင်ဆာရဲ့ အစောပိုင်းလက္ခဏာလေးများအကြောင်း

Admin

📅 15.09.2025
သားအိမ်ကင်ဆာဆိုတာက တစ်ကမ္ဘာလုံးအတိုင်းအတာအရ ပြောရရင် အမျိုးသမီးတွေကို အသက်ဆုံးရှုံး စေနိုင်တဲ့ တတိယအဖြစ်အများဆုံးသော အကြောင်းအရင်းပါ။ သားအိမ်ကင်ဆာက လေဒီလေးတွေကို အသက်ဆုံးရှုံးစေနိုင်တဲ့ အသံတိတ်လူသတ်သမားလို့ ဆိုရပါမယ်။ ကမ္ဘာတလွှားမှာ သားအိမ်ကင်ဆာကြောင့် သေဆုံးရသူ အမျိုးသမီးအရေအတွက်က ၂၀၆,၉၅၆ ဦးအထိ ရှိနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အချိန်မီ သိရှိကာကွယ်နိုင်စေဖို့အတွက် သားအိမ်ကင်ဆာရဲ့  အစာပိုင်းလက္ခဏာလေးများအကြောင်း ပြောပြပေး လိုက်ပါတယ်။ 

သားအိမ်ကင်ဆာရဲ့ အစောပိုင်းလက္ခဏာလေးများအကြောင်း

သားအိမ်ကင်ဆာ အစပျိုးနေချိန်မှာ အခုလို လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။ 
  • အမြဲလိုလို ဗိုက်ထဲမှာ လေပွသလို ခံစားနေရတာ
လေပွတယ်ဆိုတာက တစ်ခါတလေမှာ ဖြစ်တတ်တဲ့ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးပြဿနာ တစ်ရပ် ပါ။ ဒါပေမယ့် အမြဲလိုလို ဗိုက်ထဲမှာ လေပွသလို ခံစားနေရပြီး ဗိုက်ထဲမှာ တင်းတင်းကြပ်ကြပ် ခံစားနေရပြီဆို ရင်တော့ သားအိမ်ထဲမှာ အရည်တွေ ဒါမှမဟုတ် အကျိတ် အစပျိုးနေတာကြောင့် အမြဲလိုလို ဗိုက်ထဲမှာ တင်းကြပ်နေသလို ခံစားနေရတာပါ။ 
  • ဝမ်းချုပ်တာ
အကြောင်းအရင်း တိတိကျကျ မရှိဘဲ ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလဲလာတာ၊ နေ့တိုင်း အစာမကြေသလို ခံစားရပြီး ဝမ်းသွားတဲ့ အလေ့အထတွေ ပြောင်းလဲလာတာကလည်း သားအိမ်ကင်ဆာရဲ့ အစောပိုင်း လက္ခဏာတွေထဲက တစ်ရပ်ပါ။
  • ဆီးစပ် အမြဲလိုလို ကိုက်နေတာ
ရာသီလာခါနီး ဗိုက်အောင့်သလို အောင့်တာကို အချိန်တိုင်းလိုလို ခံစားနေရတာ၊ ဆီးစပ်က အမြဲလိုလို ကိုက်နေတာမျိုး ခံစားနေရပြီဆိုရင် လိုအပ်တဲ့ စစ်ဆေးကုသမှုကို အမြန်ဆုံး ခံယူဖို့ လိုပါမယ်။ နောက်ထပ် သတိထားရမယ့် လက္ခဏာတစ်ခုကတော့ ဆီးစပ်ကိုက်တာနဲ့အတူ ခါးနာတာကိုပါ ခံစားနေရတာမျိုးပါ။
  • အစားစားချင်စိတ် မရှိဘဲ အမြဲလိုလို ဗိုက်အင့်နေတာ
နည်းနည်းလေး စားပြီးတာနဲ့ ဗိုက်ပြည့်အင့်သွားတာ၊ အစားစားချင်စိတ် လုံးဝမရှိတာမျိုး ခံစားရမယ်။ ဒီလို ခံစားရတာက အမြဲလိုလို ဖြစ်နေပြီဆိုရင်တော့ သားအိမ်ထဲမှာ အရည် ဒါမှမဟုတ် အလုံးတည်တာကို ဖြစ်စေနိုင်ပါတယ်။ 
  • ဆီးသွားတဲ့ အလေ့အထ ပြောင်းလဲလာတာ
ခဏခဏ ဆီးသွားချင်နေတာ၊ ဆီးသွားချိန်တိုင်းမှာ ဆီးမထိန်းနိုင်ဘဲဖြစ်တာက ဆီးအိမ်ပေါ်မှာ ဖိအား သက်ရောက်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်ရတာက ဆီးအိမ်နဲ့ ကပ်လျက်ရှိတဲ့ သားအိမ်ထဲမှာ အရည်တွေစုနေတာ၊ အလုံးတည်နေတာတွေကြောင့် ဆီးအိမ်ပေါ်မှာ ဖိမိနေတာကြောင့်ပါ။ 
  • အမြဲလိုလို ပင်ပန်းနေတာ
ပင်ပင်ပန်းပန်း မလုပ်ပေမယ့် အမြဲလိုလို ခြေကုန်လက်ပမ်းကျနေသလို ခံစားနေရတာ၊ အားမရှိသူလို ခံစားရတာက နေ့စဉ် ရက်ဆက်ဖြစ်လာပြီဆိုရင်တော့ သားအိမ်ကင်ဆာ အစပျိုးနေတာ ဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူဖို့လိုပါမယ်။
  • ကိုယ်အလေးချိန် ရုတ်တရက် ပြောင်းလဲတာ
အကြောင်းအရင်းမရှိဘဲ ရုတ်တရက် ကိုယ်အလေးချိန် ကျသွားတာမျိုး ဖြစ်မယ်ဆိုရင်ဖြစ်ဖြစ် ရုတ်တရက် ကိုယ်အလေးချိန် တအားတက်လာရင်ဖြစ်ဖြစ် စစ်ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ ဒီလိုဖြစ်ရတာက သားအိမ်ကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နိုင်တာကြောင့်ပါ။
Lotoshinn ရဲ့ စကားလက်ဆောင် အခုပြောခဲ့တဲ့ လက္ခဏာတွေကို ခံစားရတာက နေ့တိုင်းလိုလို ဖြစ်ပြီး တစ်ပတ်ကျော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်မယ် OTC ဆေးတွေ သောက်ပေမယ့် သက်သာတာမျိုး မရှိဘူးဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူပြီး သားအိမ်ကင်ဆာ စစ်ဆေးကြည့်ဖို့ လိုပါမယ်။ သားအိမ်ကင်ဆာက စောစောသိ စောစောကုသရင် ရလဒ်ကောင်း နိုင်တာကြောင့် အချိန်မဆွဲဘဲ စစ်ဆေးကုသမှု ခံယူကြဖို့ အကြံပြုလိုက်ပါရစေ။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!