အပျိုဖော်ဝင်စောရတာ ဘာကြောင့်များပါလိမ့်!
အထွေထွေ

အပျိုဖော်ဝင်စောရတာ ဘာကြောင့်များပါလိမ့်!

Admin

📅 12.09.2025
အပျိုဖော်ဝင်တာက လေဒီလေးတစ်ယောက် ဖြစ်ပြီဆိုတာရဲ့ ပြယုဂ်တစ်ခုပါ။ ဒီလို အပျိုဖော်ဝင်တာက မီးမီးလေးတွေမှာဆိုရင် ပုံမှန်အားဖြင့် အသက် ၁၀ နှစ်ဝန်းကျင်မှာ ဖြစ်လေ့ရှိပြီး ဒီမတိုင်ခင်ဆိုရင်တော့ အပျိုဖော်ဝင်တာက စောတယ်လို့ ဆိုရမှာပါ။ ဒီလို အပျိုဖော်ဝင်စောရတာ ဘာကြောင့်များလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

အပျိုဖော်ဝင်တယ်ဆိုတာ ဘာလဲ!

အပျိုဖော်ဝင်တယ်ဆိုတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ခံစားမှုပိုင်းဆိုင်ရာမှာ အရွယ်ရောက်လာတယ်ဆိုတဲ့ သဘောပါ။ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ဖြစ်လာသလို မီးမီးလေးတွေမှာ ရာသီသွေးပေါ်တာမျိုးကိုပါ ခံစားရနိုင်ပါတယ်။ မီးမီးလေးတွေမှာဆိုရင်တော့ ရင်သားတွေဖွံ့ဖြိုးတာ အပါအဝင် အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အနေအထားတွေ တစတစ ဖွံ့ဖြိုးလာတဲ့ အခြေအနေပါ။

အပျိုဖော်ဝင်တာ စောတယ်ဆိုတာ ဘာလဲ!

မီးမီးလေးတွေမှာ အပျိုဖော်ဝင်တာက အစောဆုံးအနေနဲ့ ၁၀ နှစ်မှာ တွေ့ကြုံခံစားရနိုင်ပြီး ဒီထက်စောပြီး အသက် ၇ နှစ် ကနေ ၈ နှစ် ဝန်းကျင်လောက်မှာ အပျိုဖော်ဝင်တာမျိုး ဖြစ်မယ်ဆိုရင် အပျိုဖော်ဝင်စောတယ်လို့ ဆိုရပါမယ်။

အပျိုဖော်ဝင်စောရတာ ဘာကြောင့်များပါလိမ့်!

အပျိုဖော်ဝင်စောတာက များသောအားဖြင့်ကတော့ ဦးနှောက်က အချိန်မတိုင်ခင်မှာ အပျိုဖော်ဝင်ဖို့ အချက်ပြလိုက်တာကြောင့်လို့ပဲ ဆိုရပါမယ်။ ဒီအခြေအနေကတော့ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် မဟုတ်ဘူးလို့ ဆိုရပါမယ်။ မျိုးရိုးလိုက်တာကြောင့်လည်း အပျိုဖော်ဝင်တာ စောနိုင်ပါသေးတယ်။  အခုလို ကျန်းမာရေး အခြေအနေကြောင့်လည်း အပျိုဖော်ဝင်စောတာမျိုး ဖြစ်စေနိုင်ပါတယ်။
  • ဦးနှောက်မူမမှန်တာ 
ဦးနှောက်ထဲမှာ အကျိတ်ဖြစ်တာ၊ ရောဂါပိုးကူးစက်ခံရတာ၊ ခွဲစိတ်မှုကြောင့် ဦးနှောက်ထိခိုက်တာ၊ ဓာတ်ရောင်ခြည်ကုထုံးကြောင့် ဦးနှောက်ထိခိုက်တာမျိုး ဖြစ်မယ်ဆိုရင်လည်း အပျိုဖော်ဝင်စောတာကို ဖြစ်စေနိုင်ပါတယ်။
  • မျိုးပွားအင်္ဂါမှာ အကျိတ်ဖြစ်နေတာ
သားဥအိမ်လေးတွေမှာ အကျိတ်၊ ရေအိတ်တွေ ဖြစ်နေမယ်ဆိုရင်လည်း အပျိုဖော်ဝင်စောတာကို ဖြစ်စေနိုင်ပါတယ်။
  • ဟော်မုန်းထိတွေ့မှုရှိတာ
ဟော်မုန်းပါတဲ့ ဆေးဝါးတွေ သောက်သုံးတာ၊ လိမ်းမိတာမျိုးတွေကြောင့်လည်း အပျိုဖော်ဝင်စောတာကို ဖြစ်စေနိုင်ပါတယ်။
  • အဝလွန်တာ
ကလေးအရွယ်မှာ အဝလွန်တာကလည်း ဟော်မုန်းပမာဏကို ပြောင်းလဲစေပြီး အပျိုဖော်ဝင်စေတာကို ဖြစ်စေနိုင်ပါတယ်။
  • စားသောက်မှုပုံစံ
နေ့စဉ် စားသောက်မှုပုံစံထဲမှာ တိရစ္ဆာန်ကနေ ရတဲ့ ပရိုတင်းတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ ဆီကြော်စာတွေကို အစားများတာကလည်း အပျိုဖော်ဝင်စောတာကို ဖြစ်စေနိုင်ပါတယ်။
  • ဓာတုပစ္စည်းတွေ
ပလပ်စတစ်တွေ၊ ပိုးသတ်ဆေးတွေနဲ့ အခြားဓာတုပစ္စည်းတွေကလည်း ကိုယ်တွင်းဟော်မုန်းတွေအပေါ် သက်ရောက်မှု ဖြစ်ပြီး အပျိုဖော်ဝင်စောတာကို ဖြစ်စေနိုင်ပါတယ်။ 

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြဖို့ လိုမလဲ

တကယ်လို့ ကလေးက အသက် ၈ နှစ်မတိုင်ခင်မှာ အပျိုဖော်ဝင်တဲ့ လက္ခဏာတွေ ပြသတာမျိုး တွေ့ရမယ်ဆိုရင်တော့ ကလေးကို ဆရာဝန်နဲ့ သေချာလေး ပြသပြီး ကုသမှု ခံယူဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင် မီးမီးလေးတွေမှာ အပျိုဖော်ဝင်စောတာက အရပ်ထဲမှာ ပြောနေကြသလို လူကြီးစိတ်မွေးလွန်းလို့ မဟုတ်ဘဲ မျိုးရိုးလိုက်တာကြောင့် ဖြစ်နိုင်သလို အချို့သော ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မီးမီးလေးတွေမှာ အသက် ၈ နှစ်မပြည့်သေးဘဲ အမျိုဖော်ဝင်တာမျိုးဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးကုသမှုကို မဖြစ်မနေ ခံယူဖို့လည်း အကြံပြုလိုက်ပါရစေ။  

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!