အမျိုးသမီးတွေမှာ ဆီးမထိန်းနိုင်ခြင်းက နှလုံးရောဂါခံစားရနိုင်ခြေရှိတယ်ဆိုတာကို ပြသနေခြင်းဖြစ်
အထွေထွေ

အမျိုးသမီးတွေမှာ ဆီးမထိန်းနိုင်ခြင်းက နှလုံးရောဂါခံစားရနိုင်ခြေရှိတယ်ဆိုတာကို ပြသနေခြင်းဖြစ်

Admin

📅 12.05.2025
အမျိုးသမီးတွေမှာ ဆီးမထိန်းနိုင်ခြင်းကို ခံစားနေရတာ နှလုံးရောဂါ ခံစားရနိုင်ခြေ ပုံမှန်ထက် ပိုများနေတယ်ဆိုတာကို ဖော်ပြနေတာဖြစ်တယ်၊ လို့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။  ဆီးမထိန်းနိုင်တာလိုမျိုး ဆီးအိမ်ကို ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေဟာ အခြားသော အမျိုးသမီးတွေထက် နှလုံးဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ အမျိုးအစား -၂ ဆီးချိုနဲ့ သွေးတွင်းကိုလက်စထရောများတာလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေ မြင့်တက်နေတယ်လို့ Journal of Preventive Medicineက ထုတ်ပြန်ခဲ့တဲ့ သုတေသနစာတမ်းတစ်ခုအရ သိရပါတယ်။ အဆိုပါ အမျိုးသမီးတွေက လေဖြတ်နိုင်ခြေလည်း ပိုများကြသလို နှလုံးခွဲစိတ်ကုသမှုခံယူရနိုင်ခြေလည်း ပုံမှန်ထက် ပိုများနေတတ်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ 

ဆီးမထိန်းနိုင်တဲ့ အမျိုးသမီးတွေ နှလုံးရောဂါခံစားရနိုင်ခြေရှိ

“ဆီးမထိန်းနိုင်မှုနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ ခံစားရနိုင်ခြေကြားမှာ ဆက်စပ်မှုတွေ ရှိနေပါတယ်” လို့ Wisconsin-La Crosse တက္ကသိုလ်ရဲ့  Assistant Professor_Lisa VanWiel ဦးဆောင်တဲ့ သုတေသီအဖွဲ့က ကောက်ချက်ချခဲ့ကြပါတယ်။  “ပုံမှန်အားဖြင့် ဆီးမထိန်းနိုင်တဲ့ အမျိုးသမီးတွေက နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားနေကြရတာပါ။ အကြောင်းအရင်းမရှိဘဲ ဆီးမထိန်းနိုင်တာမျိုး ဖြစ်နေမယ်ဆိုရင် နှလုံးကျန်းမာရေးကို စစ်ဆေးကြည့်သင့်ပါတယ်၊”လို့ သုတေသီတွေက အကြံပြုထားပါတယ်။  ဆီးမထိန်းနိုင်တဲ့ အခြေအနေကို တွေ့ကြုံခံစားနေရတဲ့ အမျိုးသမီး 60%ခန့်က နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားနေကြရတာပါ။  ဒီလေ့လာမှုအတွက် သုတေသီတွေက Connecticut မှာ ရှိတဲ့ Hartford Healthcare system မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် ဇွန်လအကြား ကုသမှုခံယူခဲ့တဲ့ အမျိုးသမီး ၂၀,၀၀၀ ကျော်ရဲ့ ဆေးမှတ်တမ်းတွေကို သေချာလေ့လာခဲ့ပါတယ်။  လေ့လာမှုမှာပါဝင်တဲ့ အမျိုးသမီး ၅%ကျော်က ဆီးမထိန်းနိုင်တာာကိုခံစားနေရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဆီးမထိန်းနိုင်တဲ့ အမျိုးသမီးတွေမှာ 
  • အမျိုးအစား -၂ ဆီးချိုရောဂါ ခံစားရနိုင်ခြေက ပုံမှန်ထက် ၂၅% ကျော်
  • သွေးတွင်းအဆီများနိုင်ခြေက ပုံမှန်ထက် ၃၇%ကျော်
  • လေဖြတ်တာကို ခံစားရနိုင်ခြေက ပုံမှန်ထက် ၅၅%ကျော် ပိုများနေပါတယ်။ ဒီအချက်တွေအပြင် နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူရနိုင်ခြေက ပုံမှန်ထက် ၃ ဆလောက်ပိုများနေပါတယ်။ 
ဆီးမထိန်းနိုင်တာက အမျိုးသမီးတွေအနေနဲ့ ပုံမှန်လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချလို့ရပါတယ်လို့ သုံးသပ်မှတ်ချက်ပြုထားကြပါတယ်။  ဒီလေ့လာမှုအတွင်းမှာတော့ အမျိုးသမီးတွေရဲ့ ကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာနဲ့ ဆီးမထိန်းနိုင်တဲ့ကြားမှာ ဆက်စပ်မှုရှိတယ်လို့ မတွေ့ခဲ့ရပါဘူး။ ဆီးမထိန်းနိုင်မှုက နှလုံးရောဂါဖြစ်နိုင်ခြေပေါ်မှာ ဘယ်လိုတွေသက်ရောက်နေလဲဆိုတာကို တိတိကျကျ သိရှိနိုင်စေဖို့ နောက်ထပ်သုတေသနတွေလုပ်ဆောင်ဖို့ လိုမှာပါ။  ဆက်လက်လုပ်ဆောင်မယ့် လေ့လာမှုတွေမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်မှု၊ စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာတွေနဲ့ ဆီးမထိန်နိုင်မှုနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေတွေအကြားက ဆက်စပ်မှုတွေကို သိရှိနိုင်ဖို့ လေ့လာသွားမှာ ဖြစ်ပါတယ်၊ လို့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!