တံမြက်စည်းလှည်းတာက ကျန်းမာရေးကောင်းကျိုးရှိပါ့မလားလို့ တွေးနေတာဟုတ်။ တကယ်ကတော့ နေ့စဉ် အိမ်သန့်ရှင်းရေးအတွက် အရေးပါတဲ့ တံမြက်စည်းလှည်းတာက ကျန်းမာရေး ကောင်းကျိုးရှိပါတယ်နော်။
ဒါကြောင့် အခုတစ်ခေါက်မှာတော့ အိမ်ရှင်မတွေရဲ့ နေ့စဉ် အိမ်မှုကိစ္စတွေထဲက တစ်ခုဖြစ်တဲ့ တံမြက်စည်း လှည်းတာက ကျန်းမာရေးအတွက် ဘယ်လိုတွေ ထောက်ကူပေးနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။
တံမြက်စည်းလှည်းရင် ကျန်းမာမှာလား!
တံမြက်စည်းလှည်းတာက ကျန်းမာရေးအတွက် ကောင်းကျိုးပြုတာကို မပြောခင် တံမြက်စည်းလှည်းတာက ကယ်လ်လိုရီလောင်ကျွမ်းစေနိုင်တဲ့အကြောင်းလေးကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ တံမြက်စည်းလှည်း တာက ကိုယ်နေဟန်ထား မှန်မှန်နဲ့ သေချာလေး လှည်းကျင်းမယ်ဆိုရင် မိနစ် ၃၀ လောက် လှည်းပေးရုံနဲ့ ကယ်လ်လိုရီ ၁၅၀ ကနေ ၂၀၀ လောက်အထိ လောင်ကျွမ်းစေနိုင်ပါတယ်။
အသက်ရှူလမ်းကြောင်း ကျန်းမာစေနိုင်တယ်
တံမြက်စည်းလှည်းတာက လေထုထဲကနေ ရောက်လာတဲ့ ဓာတ်မတည့်မှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဓာတ်မတည့်မှုတွေကို ထိတွေ့ခံစားရနိုင်ခြေလည်း နည်းစေပါတယ်။
ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေတယ်
တံမြက်စည်းလှည်းတာက ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သွေးလည်ပတ်မှုတွေ ကောင်းစေပြီး အရိုးနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေတာက ခန္ဓာကိုယ်မှာ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
လက်မောင်းတွေကို သန်မာစေတယ်
တံမြက်စည်းလှည်းပေးတာက လက်မောင်းတွေရဲ့ အားကို သုံးပြီး လုပ်ရတာဖြစ်တာကြောင့် လက်မောင်းကြွက်သားတွေကို သန်မာစေသလို သွေးလည်ပတ်မှုကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
သွေးလည်ပတ်မှု ကောင်းစေတယ်
တံမြက်စည်းလှည်းတဲ့အခါ တစ်ကိုယ်လုံး လှုပ်ရှားရတာဖြစ်တာကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး တစ်ကိုယ်လုံးက အစိတ်အပိုင်းတွေဆီကို သွေးနဲ့ အောက်ဆီဂျင်တွေ ရောက်ရှိစေဖို့ ထောက်ကူပေးပြီး ပေါ့ပါး သွက်လက်စေပါတယ်။
နှလုံးသွေးကြောတွေ ကျန်းမာစေတယ်
တံမြက်စည်းလှည်းတာက တစ်ကိုယ်လုံးကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး နှလုံးသွေးကြောတွေ အတွင်းမှာ သွေးလည်ပတ်မှု ကောင်းစေတာကြောင့် နှလုံးနဲ့ နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
စိတ်ကျန်းမာစေတယ်
တံမြက်စည်းလှည်းတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးပြီး စိတ်ဖိစီးမှုတွေ ပြေလျော့စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အာရုံစူးစိုက်မှု ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်အလေးချိန်ကျစေနိုင်တယ်
တံမြက်စည်းလှည်းတာက ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ရစေပြီး ကိုယ်အလေးချိန်ကျစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။
တံမြက်စည်းလှည်းတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ကိုယ်အလေးချိန်ကိုပါ ထိန်းညှိပေးနိုင်တာမို့ ကိုယ်နေဟန်ထား မှန်မှန်လေးနဲ့ ပုံမှန်လှည်းပေးရင်း အိမ်လေးလည်း သန့်ရှင်း စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
တံမြက်စည်းလှည်းတာက အညောင်းပြေစေဖို့ရော တစ်ကိုယ်လုံးကို လှုပ်ရှားရကောင်းစေဖို့ရော ထောက်ကူပေးနိုင်တာမို့ တစ်နေ့ကို ၂ ကြိမ် လောက်တော့ လှည်းပေးဖို့ လိုမယ်နော်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!