မနက်ခင်းကို ရေနွေးနွေးလေး တစ်ခွက်နဲ့စတင်ပါ
အထွေထွေ

မနက်ခင်းကို ရေနွေးနွေးလေး တစ်ခွက်နဲ့စတင်ပါ

Aye Thi Mon

📅 11.08.2026


မနက်ခင်းကို ရေနွေးနွေးလေး တစ်ခွက်သောက်ရင်း စတင်လိုက်ပါ …. ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆက်ပြီး ပြောပြပေးသွားမယ်နော်။ 


မနက်ခင်းကို ရေနွေးနွေးလေး တစ်ခွက်နဲ့စတင်ပါ


မနက်ခင်းကို ရေနွေးနွေးလေးတစ်ခွက်နဲ့ စတင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 


ရေဓာတ်ပြည့်ဝစေမယ် 


တစ်ညတာလုံး အိပ်စက်ထားတဲ့ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်သလို ဦးနှောက်ကစလို့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရေဓာတ်ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။


ဝမ်းချုပ်တာကို သက်သာစေမယ်


နိုးနိုးချင်းမှာ ရေနွေးနွေးတစ်ခွက်ကို သောက်ချလိုက်တာက အူလမ်းကြောင်း ကျန်းမာစေပြီး ဝမ်းချောချောချူချူသွားနိုင်စေဖို့ ထောက်ကူပေးပြီး သိပ်မပြင်းထန်တဲ့ ဝမ်းချုပ်တာတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 


အာရုံကြောစနစ် ကျန်းမာစေတယ် 


ရေနွေးနွေးတစ်ခွက် သောက်သုံးရင်း မနက်ခင်းကို စတင်တာက ဗဟိုအာရုံကြောစနစ်ကို လုပ်ငန်းဆောင်တာတွေ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပြီး အာရုံကြောစနစ်ကို ကျန်းမာစေဖို့လည်း အားဖြည့်ပေးနိုင်ပါတယ်။ 


အစာကျေချက်မှု ကောင်းစေတယ် 


ရေနွေးနွေးတစ်ခွက် သောက်လိုက်တာက အူတွေကို လှုပ်ရှားမှု ကောင်းစေပြီး တစ်နေ့တာလုံးမှာ အစာကျေချက်မှု ကောင်းစေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ လေပွတာမျိုးတွေကို သက်သာစေသလို လေထိုးလေအောင့်ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။


အသားအရေ ကျန်းမာစေတယ် 


ရေနွေးနွေးလး သောက်ပေးတာက သွေးလည်ပတ်မှုကောင်းစေပြီး ရေဓာတ် ပြည့်ဝစေတာကြောင့် အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။


ခန္ဓာကိုယ် အပူချိန် ထိန်းညှိပေးတယ် 


မနက်ခင်း အိပ်ရာနိုးနိုးချင်းမှာ ရေနွေးနွေးတစ်ခွက်သောက်ပေးတာက ခန္ဓာကိုယ် အပူချိန်ကို ကျန်းမာစေမယ့် အနေအထားထဲရောက်အောင် ထိန်းညှိပေးပြီး ကိုယ်တွင်းမှာ အပူအအေးမမျှတမှုကြောင့် ခံစားရနိုင်တဲ့ အခြေအနေတွေကို ကာကွယ်ပြီးသား ဖြစ်စေမှာပါ။ 


သွေးလည်ပတ်မှု ကောင်းစေတယ်


မနက်ခင်းမှာ ရေကျက်အေး နွေးနွေးလေး သောက်ပေးတာက ကိုယ်တွင်းသွေလည်ပတ်မှု ကောင်းစေပြီး သွေးတွင်းအောက်ဆီဂျင်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ 


အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်


နှာစေးနှာပိတ်တာ သက်သာစေဖို့နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ ချွဲပျော်စေဖို့လည်း ရေနွေးနွေးလေး တစ်ခွက်နဲ့ မနက်ခင်းကို စတင်လို့ ရပါတယ်။


စိတ်ဓာတ်ကျတာသက်သာစေတယ်


အိပ်ရာနိုးနိုးချင်းမှာ ရေနွေးနွေးလေး တစ်ခွက်သောက်ပေးတာက ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး စိတ်တည်ငြိမ်ှု ရစေပြီး စိတ်ဓာတ်ကျတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 


မနက်ခင်းမှာ ခပ်နွေးနွေး ရေကျက်အေးလေး တစ်ခွက်နဲ့ စတင်တာက အာရုံကြောတွေကနေစလို့ အစာခြေစနစ်အပါအဝင် ခန္ဓာကိုယ်က အစိတ်အပိုင်းတိုင်းကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တာကြောင့် စရိတ်စက် ကျဉ်းကျဉ်းနဲ့ ကျန်းမာတဲ့ အလေ့အထလေး တစ်ခုအနေနဲ့ မနက်ခင်းတိုင်းကို ရေကျက်အေး ခပ်နွေးနွေးလေးနဲ့ စတင်လိုက်ပါ။ 


Lotoshinn ရဲ့ စကားလက်ဆောင်


ရေကျက်အေးရဲ့ အပူချိန်ဆိုတာထက် ရေရဲ့ ကောင်းကျိုးက ကျန်းမာရေးအတွက် ထောက်ကူပေးနိုင်တာကြောင့် ရေအပူချိန်ကို အဓိကမထားဘဲ သောက်နိုင်ရုံ ခပ်နွေးနွေး အနေအထားမျိုးမှာ တကျိုက်တည်းနဲ့ သောက်ချပေးတာမျိုး လုပ်ပေးဖို့ အကြံပြုလိုက်ပါရစေ။ 




ကိုးကားချက်များ

0

Total Comments

မှတ်ချက်
Aye Thi Mon

Aye Thi Mon

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!