Stress (စိတ်ဖိစီးမှု)
အထွေထွေ

Stress (စိတ်ဖိစီးမှု)

Admin

📅 15.05.2026


Stress (စိတ်ဖိစီးမှု) ဆိုတာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုပါ။ ဒီနေ့မှာတော့ Stress အမျိုးအစားတွေနဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေ (Crisis) တွေမှာ ကြုံရတတ်တဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင်။ 


Stress မှာ ကောင်းမွန်တဲ့ Stress (Eustress) နဲ့ အနှုတ်သဘောဆောင်တဲ့ Stress (Distress) ဆိုပြီး နှစ်မျိုးရှိပါတယ်။


  • Eustress: က စိတ်အာရုံကို စုစည်းစေတယ်၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တွန်းအားပေးပါတယ်။

  • Distress: ကတော့ စိုးရိမ်ပူပန်မှုတွေ ပေးတယ်၊ စိတ်ပင်ပန်းစေပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။


ဒီနှစ်ခုလုံးက သဘာဝဖြစ်ပြီး Stress ကို ကိုယ်က ဘယ်လိုပုံစံနဲ့ လက်ခံတုံ့ပြန်မလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကွာခြားသွားတာ ဖြစ်ပါတယ်။


Individual Crisis နှင့် Community Crisis


ပုံမှန်နေ့စဉ်အလုပ်တွေမှာ ရတဲ့ Stress နဲ့ ခက်ခဲကျပ်တည်းတဲ့ကာလ (Crisis period) မှာ ရတဲ့ Stress တွေက မတူနိုင်ပါဘူး။


  • Individual Crisis: အပြင်းအထန်ဖျားတာ၊ အလုပ်ပြုတ်တာ၊ အိမ်ထောင်ကွဲတာနဲ့ ချစ်ရသူကို ဆုံးရှုံးရတာတွေ ဖြစ်ပါတယ်

  • Community Crisis: စီးပွားရေးကျဆင်းတာ၊ သဘာဝဘေးအန္တရာယ်၊ စစ်ပွဲနဲ့ ကပ်ရောဂါတွေလို လူမှုအဖွဲ့အစည်းတစ်ခုလုံး ကြုံတွေ့ရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။


Crisis ဆိုတာ မိမိရဲ့ စိတ်ခံနိုင်ရည်စွမ်းအားထက် ကျော်လွန်တဲ့ ဖိစီးမှုတွေဖြစ်လို့ ချက်ချင်း Action ယူဖို့ လိုအပ်သလို၊ စိတ်ဒဏ်ရာ (Trauma) မရအောင် ကျွမ်းကျင်ပညာရှင်တွေရဲ့ Support လိုအပ်နိုင်ပါတယ်။


သတိထားရမည့် Stress လက္ခဏာများ 


Stress ကို လျစ်လျူရှုထားရင်း အကျင့်ဖြစ်သွားနိုင်လို့… ပစ်မထားမိဖို့အရမ်းအရေးကြီးပါတယ်။ stress ကြောင့် ရေရှည်ထိခိုက်မှုတွေမဖြစ်ခင် ကျန်းမာနေတုန်း ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ အကောင်းဆုံးကတော့… ပုံမှန် စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးတာပဲဖြစ်ပါတယ်။ တချို့ကတော့ ဂရုစိုက်ရမှန်းသိပေမယ့် နေ့စဉ်ရုန်းကန်ရတာတွေ ရှိနေသေးလို့ အချိန်မပေးနိုင်ကြပါဘူး။ အဲ့လိုအချိန်မပေးနိုင်ကြသူတွေက Stress လက္ခဏာတွေကို… သေချာသိရှိ စောင့်ကြည့်ပေးဖို့လိုပါလိမ့်မယ်။ စောစောသိတာနဲ့ စောစောအနားယူ ကုသပြီးပုံမှန်အလုပ်တွေပြန်လည်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။


Stress ရဲ့ လက္ခဏာတွေကတော့…. 

 

- စိတ်ခံစားချက်အရ သည်းမခံနိုင်တော့ဘူး။ စိတ်တိုစိတ်ဆတ်လာတယ်။ စိတ်အတက်အကျများမယ်။ စိုးရိမ်မှုတွေ ပုံမှန်ထက်များလာမယ်။


 - ရုပ်ပိုင်းဆိုင်ရာအရ ခေါင်းကိုက်တာ၊ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အိပ်ရစားရခက်ခဲတာတွေ ဖြစ်လာမယ်။


 - အပြုအမူပိုင်းဆိုင်ရာအရ တစ်ယောက်တည်းနေတာများလာမယ်။ အရက်၊ မူးယစ်ဆေး စတင်သုံးစွဲလာမယ်။ လောင်းကစား၊ Game၊ Shopping စတာတွေစွဲလမ်းစပြုလာမယ်။ 


ဘယ်လို ပြန်လည်ကုစားမလဲ? 


ပုံမှန် stress ကို  မိမိကိုယ်ကိုယ်စောင့်ရှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်အပန်းဖြေခြင်း တွေနဲ့ပြန်ထိန်းပေးလို့ရနိုင်ပေမယ့် Crisis ကြောင့် ရရှိလာတဲ့ ပြင်းထန်တဲ့ စိတ်ဖိစီမှုတွေက စိတ်ဒဏ်ရာထိရောက်သွားနိုင်လို့ အချိန်မဆွဲပဲ သေချာကုသရမှာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ သွေးထွက်သံယိုမှုတွေ လိုပြင်းထန်တဲ့ Crisis တွေ ကြုံတွေ့ခဲ့ရသူတွေအတွက် စိတ်ဒဏ်ရာရရှိခြင်းတွေကနေသက်သာဖို့ စိတ်ခံစားချက်တွေကို သက်သာစေဖို့ Crisis Intervention Social Management လို စိတ်ခံစားချက်တွေအတွက် ရှေးဦးပြုစုခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။ Pyschosocial support တွေပေးခြင်း၊ Community အနေနဲ့ ဖေးမကူညီခြင်း၊ ကုထုံးခံယူခြင်း၊ ပုံမှန်နေ့စဉ်အလုပ်တွေ ပြန်လည်လုပ်ကိုင်နိုင်အောင်ကူညီပေးခြင်းဖြင့် Crisis ကြုံတွေ့ခဲ့ရသူအနေနဲ့ Healing ဖြစ်ဖို့ အထောက်အကူပြုသလို စိတ်ခံနိုင်ရည်စွမ်းအား ပြန်လည်တည်ဆောက်ဖို့ မြန်စေပါတယ်။ 


အခုလိုအဘက်ဘက်က ကျပ်တည်းခက်ခဲတဲ့ကာလမှာ အချိန်တိုင်းလိုလို စိတ်ဖိစီးမှုကခံစားနေကြတာဖြစ်လို့… ပြဿနာတွေကို ရင်ဆိုင်ဖို့ကြိုးစားရင်း စိတ်ကိုလဲ လိုအပ်တဲ့ဂရုစိုက်မှုတွေ ခွန်အားဖြည့်တာတွေပြုလုပ်ပေးပါ။ လိုအပ်တဲ့နေရာတွေမှာ မိမိတတ်နိုင်သလောက် စိတ်ပိုင်းဆိုင်ရာ အထောက်အကူ ပြုလုပ်ပေးနိုင်အောင် လေ့လာပါ။ အသုံးချပါ။ မိမိရော မိမိပတ်ဝန်းကျင်မှာရှိသူတွေရဲ့ စိတ်ကျန်းမာရေးကို သတိပြုပြီးလိုအပ်တယ်ဆိုရင် intervention လုပ်ပေးပါ။ အချိန်မဆွဲပဲ မငြင်းဆန်ပဲ လိုအပ်တဲ့ ကုထုံး/ကုသမှုခံယူပါ။


ဤဆောင်းပါးကို Counselling Corner မှပံ့ပိုးကူညီပေးထားပါသည်။ 


#CounsellingCorner #ASafePlaceforChange #StressAwareness 



0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!