Executive Function အားနည်းတဲ့ သားသားမီးမီးကို ဘယ်လိုလေးတွေ ထောက်ကူပေးကြမလဲ!
အထွေထွေ

Executive Function အားနည်းတဲ့ သားသားမီးမီးကို ဘယ်လိုလေးတွေ ထောက်ကူပေးကြမလဲ!

Admin

📅 12.06.2024
ကလေးလေးတွေမှာ ကိုယ့်အလှည့်ကို စောင့်ဆိုင်းတတ်တာ၊ စိတ်ဆိုးလာတိုင်း ဆူပူပစ်ခွဲတာတွေကို မလုပ်တာမျိုးက သားသားမီးမီးတို့မှာ Executive Function ကောင်းလို့လို့ပဲ ဆိုရပါမယ်။ Executive Function ဆိုတာက ကလေးတွေမှာမှ အရေးကြီးတာလားဆိုတော့ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း အရေးကြီးပါတယ်။ ဒါပေမယ့် သတိထားရမှာ တစ်ခုက Executive Function ကောင်းဖို့က ငယ်စဉ်ကတည်းက ပျိုးထောင်ဖို့တော့ လိုတာပေါ့။ သားသားမီးမီးက ကိုယ့်ရဲ့အပြုအမူတွေ၊ ခံစားချက်တွေကို ထိန်းဖို့ခက်နေပြီဆိုရင်တော့ မေမေဖေဖေတို့ရဲ့ ရင်သွေးလေးက Executive Function အားနည်းနေပြီလို့ ဆိုရပါမယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးတို့ကို ထောက်ကူပေးလို့ ရအောင် Executive Function အားနည်းတဲ့ သားသားမီးမီးကို ဘယ်လိုလေးတွေ ထောက်ကူပေးကြမလဲ! ဆိုတာလေးကို မျှဝေပေးလိုက်ပါတယ်။

ကလေးအမျိုးမျိုး EF အထွေထွေ

ကလေးတစ်ယောက်နဲ့ တစ်ယောက်မှာ အပြုအမူတွေ ပျိုးထောင်ခံရတဲ့ ပုံစံတွေ မတူကြသလို တစ်ယောက်ချင်းစီမှာ သူမတူတဲ့ Executive Function လည်း ရှိနေမှာပါ။ ဒါကြောင့် ကလေးတွေကို EF ကောင်းစေဖို့ ပျိုးထောင်ရမယ့် ပုံစံတွေကလည်း ကွာခြားနိုင်ပါတယ်။

သားသားမီးမီးတို့က Executive Function  အားနည်းနေတာလား!

သားသားမီးမီးတို့က Executive Function  အားနည်းနေပြီလားဆိုတာကို ဒီအခြေအနေလေးတွေကနေတဆင့် သိရှိနိုင်ပါတယ်။
  • ကလေးက အလုပ်တစ်ခုခုကို စလုပ်ဖို့ ခက်နေမယ်
  • အလုပ်တွေကို အပြီးသတ်နိုင်ဖို့ ခက်နေတတ်တယ်
  • ခဏခဏ မေ့တတ်တယ်
  • ပစ္စည်းတွေကို အထားမှားတတ်တယ်
  • အစီအစဉ်ကျနစွာ လုပ်ဆောင်တတ်ဖို့ ခက်မယ်
  • အလုပ်တွေပေါ်မှာ  အာရုံစိုက်ဖို့ ခက်နေမယ်
  • အခြေအနေကို သုံးသပ်နိုင်စွမ်း နည်းသလို အဆင်ပြေပြေ ဖြေရှင်းနိုင်စွမ်းလည်း နည်းကြပါတယ်
  • အလုပ်တွေကို နောက်ဆုံးသတ်မှတ်ချိန်ရောက်မှ လောလောနဲ့ လုပ်တတ်တယ်
  • အချိန်ကို စီမံခန့်ခွဲနိုင်စွမ်း နည်းကြပါတယ်
  • အစီအစဉ် တစ်ခုခု အပြောင်းအလဲ ဖြစ်တာနဲ့ ကစဉ့်ကလျား ဖြစ်တတ်ကြတယ်။
အခုလို အခြေအနေ ကြုံနေရတဲ့ သားသားမီးမီးတွေမှာ အချို့ကလေးတွေက သေးသေးမွှားမွှားလောက် ပြင်ပေးလိုက်ရင်ကို အဆင်ပြေနိုင်ပေမယ့် အချို့သော သားသားမီးမီးတွေမှာတော့ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အချိန်အထိ ဖြည်းဖြည်းချင်း ပြင်ပေးသွားဖို့ လိုပါမယ်။

Executive Function အားနည်းတဲ့ သားသားမီးမီးကို ဘယ်လိုလေးတွေ ထောက်ကူပေးကြမလဲ!

Executive Function အားနည်းတဲ့ သားသားမီးမီးကို ဘယ်လိုလေးတွေ ထောက်ကူပေးကြမလဲ! ဆိုတော့ -
  • တစ်နေ့တာကို တည်ငြိမ်အေးချမ်းစွာ စတင်ပါစေ - ကလေးကို မနက်ခင်း နိုးထလာချိန်မှာ ဝင်လေထွက်လေလေး မှတ်ရင်း အေးအေးဆေးဆေး ကုန်ဆုံးစေတာက ကလေးကို အပြုအမူပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်စွမ်း ကောင်းစေသလို စိတ်ခံစားချက်တွေကိုလည်း ကောင်းကောင်း ထိန်းချုပ်နိုင်စေမှာပါ။
  • ကလေးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ပါ - ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့ဆိုရင် သူတို့လေးတွေနဲ့ အရင်းနှီးဆုံးဖြစ်တဲ့ ဖေဖေမေမေတွေအနေနဲ့ သားသားမီးမီးတို့နဲ့ ကိုယ်တွေကြားမှာ ပွင့်လင်းရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားဖို့ပါ။
  • ကလေးကို ရိုးရှင်းတဲ့ ညွှန်ကြားချက်လေးတွေ ပေးပါ - ကလေးကို EF ကောင်းစေဖို့ ဒီခွက်လေးကို စားပွဲလေးပေါ်တင်လိုက်ပါ စသဖြင့် ကလေးလိုက်ပါလုပ်ဆောင်နိုင်စေမယ့် ရိုးရှင်းတဲ့ ညွှန်ကြားချက်လေးတွေကို ပေးပြီး လုပ်ဆောင်တတ်အောင် သင်ပေးပါ။
  • နေ့စဉ်အလေ့အထလေးတွေ လုပ်ဆောင်ပေးပါ - ကလေးကို မနက် အိပ်ရာထရင် မျက်နှာသစ်မယ်။ ပြီးရင် သွားတိုက်မယ်။ မျက်နှာသစ်ပြီးရင်တော့ အိပ်ရာသိမ်းရမယ် စသဖြင့် နေ့စဉ် လုပ်ဆောင်ရမယ့် အလေ့အထလေးတွေကို လုပ်ဆောင်ပေးတာက ကလေးကို EF ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
  • ရွယ်တူလေးတွေနဲ့ ပေးကစားပါ - ကလေးကို ရွယ်တူ ကလေးငယ်လေးတွေနဲ့ ပေးဆော့တာက ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းစေသလို ကလေးကို EF ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
  • Puzzles လေးတွေ ပေးဆော့ပါ - ကလေးကို Puzzles လေးတွေဆက်စေတာက ကလေးရဲ့ problem solving skill ကောင်းစေသလို ကလေးရဲ့ EF ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
  • Board  Game ဆော့ပါ - ကလေးတွေကို အလှည့်ကျဆော့ရတဲ့ Board Game လေးတွေ ပေးဆော့တာက ကလေးရဲ့ self-control ကောင်းစေဖို့ ထောက်ကူပေးနိုင်သလို ကလေးရဲ့ EF Skill  တိုးတက်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
  • အချိန်ဇယားလေးနဲ့ လုပ်တတ်အောင် သင်ပေးပါ - ကလေးကို ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာမျိုး အချိန်ဇယားလေးဆွဲပေးတာက ကလေးကို အစီအစဉ်တကျ လုပ်ဆောင်တတ်စေပြီး Executive Function ကောင်းစေဖို့ ထောက်ကူပေးရာရောက်မှာပါ။
  • craft လေးတွေ လုပ်ပေးပါ - ကလေးနဲ့ အတူတူ craft လေးတွေ လုပ်ပေးတာက ကလေးကို working memory ကောင်းစေသလို problem solving ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။
  • ကိုယ်တိုင်က စံပြဖြစ်နေအောင် ဂရုစိုက်ပါ - သားသားမီးမီးတို့ကို EF ကောင်းစေဖို့ဆိုရင် မေမေဖေဖေတို့ ကိုယ်တိုင်က သူတို့လေးတွေရဲ့ စံပြဖြစ်ဖို့ လိုပါမယ်။ ဒါကြောင့် ကလေးရှေ့မှာ မေမေဖေဖေတို့ကိုယ်တိုင်က အပြုအမူ အပြောအဆိုတွေကို သေချာလေး ဂရုစိုက်ပေးပါ။
ဒီနည်းလမ်းလေးတွေနဲ့ သားသားမီးမီးတို့ကို EF ကောင်းစေဖို့ ကိုယ်တိုင် ပျိုးထောင်ကြည့်လိုက်ပါ မေမေဖေဖေတို့ရေ ......  

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!