ပိန္နဲသီးစေ့ ကျန်းမာရေးကောင်းကျိုးများသလား!
အထွေထွေ

ပိန္နဲသီးစေ့ ကျန်းမာရေးကောင်းကျိုးများသလား!

Aye Thi Mon

📅 03.08.2026

ပိန္နဲသီး စားပြီးတိုင်း အစေ့လေးတွေကို ပြုတ်လို့ ဆီနဲ့ဆားနဲ့တို့စားတာ၊ ဟင်းချက်စားတာတွေကို နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြတဲ့သူလေးတွေ ရှိလား … ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါလို့ ပြောချင်ပါတယ်။


ဒီတစ်ခေါက်မှာတော့ ပိန္နဲသီးစေ့ စားရင် ဘယ်လိုကောင်းကျိုးလေးတွေ ရစေနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ပိန္နဲသီးစေ့ ဘာကြောင့်စားသင့်တာလဲ!

ပိန္နဲသီးစေ့ ဘာကြောင့် စားသင့်တာလဲဆိုတော့ ပိန္နဲသီးစေ့မှာ ပရိုတင်း၊ ဗီတာမင် B၊ ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာလေး တစ်ခုပါပဲ။ ဒါတွေအပြင် ပိန္နဲသီးစေ့မှာ သီရာမင်း၊ riboflavin တို့ ပါဝင်နေတာ ကြောင့် မျက်လုံးတွေ ကျန်းမာစေပြီး အရေပြားနဲ့ ဆံသားကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ပိန္နဲသီးစေ့မှာ ဇင့်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ကော့ပါး၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့လိုမျိုး အရေးပါတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဘက်တီးရီးယားတိုက်ဖျက်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ် ဒါကြောင့် အစားထဲမှာပါတဲ့ ဘက်တီးရီးယားတွေကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးပါတယ်။ ပိန္နဲသီးစေ့မှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေဖို့ ရိုးရာဆေးတစ်မျိုးပါ။

ပိန္နဲသီးစေ့ စားရင် ကျန်းမာရေးကောင်းကျိုးများသလား!

ပိန္နဲသီးစေ့ စားရင် ကျန်းမာရေး ကောင်းကျိုးများသလားဆိုတော့ အခုလို ကောင်းကျိုးများစေနိုင်ပါတယ်။

ကင်ဆာကို အတိုင်းအတာ တစ်ခုအထိလျှော့ချပေးတယ်

ပိန္နဲသီးစေ့မှာ ကင်ဆာကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။ အပင်မှာပါတဲ့ ဒြပ်ပေါင်းတွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ ကိုယ်ခံအားကို မြှင့်တက်ပေးသလို DNA ပျက်စီးမှုကို ပြုပြင်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေ သွေးကြောတွေထဲမှာ ဖြစ်ပေါ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။


အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်

ပိန္နဲသီးစေ့မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေရော ပျော်ဝင်မလွယ်တဲ့ အမျှင်ဓာတ်တွေပါ ပါဝင်နေတာကြောင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဝမ်းပျော့ပျော့ ဝမ်းမှန်မှန် သွားစေဖို့ ထောက်ကူပေးနိုင်သလို အူလမ်းကြောင်းကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကိုလက်စထရောပမာဏ ကျဆင်းစေပါတယ်

ပိန္နဲသီးစေ့မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရောတွေကို ကျဆင်းစေဖို့ ထောက်ကူပေးနိုင်သလို သွေးပေါင်ချိန်မြင့်တက်တာမျိုး မဖြစ်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် နှလုံးရောဂါ မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။

ကိုယ်အလေးချိန်ထိန်းပေးတယ်

ပိန္နဲသီးစေ့မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

ပိန္နဲသီးစေ့မှာ ကျန်းမာရေးကောင်းကျိုးများတယ်ဆိုပေမယ့် အစိမ်းလိုက်စားတာက အစာအိမ်ရဲ့ အာဟာရ စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေပြီး အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝရရှိစေဖို့ ခက်တာကြောင့် အစိမ်းစားတာမျိုး မလုပ်သင့်ပါဘူး။


ကိုးကားချက်များ

0

Total Comments

မှတ်ချက်
Aye Thi Mon

Aye Thi Mon

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!