ရာသီသွေးမမှန်တဲ့ အမျိုးသမီးလေးများ PCOS စစ်ဆေးမှု ခံယူသင့်ပါတယ်
အထွေထွေ

ရာသီသွေးမမှန်တဲ့ အမျိုးသမီးလေးများ PCOS စစ်ဆေးမှု ခံယူသင့်ပါတယ်

Admin

📅 03.07.2026

NHS ရဲ့ လမ်းညွှန်ချက်အသစ်အရ ရာသီသွေးမမှန်တဲ့ အမျိုးသမီး ၄ သန်းလောက်အနေနဲ့ သားဥအိမ်မှာ ရေအိတ်တည်တဲ့ ရောဂါလက္ခဏာစု (PCOS) စစ်ဆေးသင့်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ 


သားဥအိမ်မှာ ရေအိတ်တည်တဲ့ ရောဂါလက္ခဏာစု (PCOS) က ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ် အမျိုးသမီး တွေရဲ့ ၁၃% လောက်မှာ ခံစားနေရနိုင်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေအဖွဲ့ကြီးက ပြောကြားခဲ့ပါတယ်။ 


ရာသီသွေးမမှန်တဲ့ အမျိုးသမီးလေးများ PCOS စစ်ဆေးမှု ခံယူသင့်ပါတယ်


လက္ခဏာတွေအနေနဲ့ ရာသီသွေးမမှန်တာ၊ ရာသီသွေးဆင်းရက် အရမ်းတို၊ ရာသီးသွေးဆင်းရက် အရမ်းရှည် တာ၊ ကိုယ်တွင်းမှာ Testosterone ဟော်မုန်းတွေများနေတာ၊ မျိုးဥအိမ်ထဲမှာ ရေအိတ်သေးသေး လေးတွေ တည်နေတာမျိုးတွေ ခံစားရနိုင်ပါတယ်။ 


ဒီအခြေအနေကြောင့် နောက်ပိုင်းမှာ အမျိုးအစား - ၂ ဆီးချို ခံစားရနိုင်ခြေကလည်း ပုံမှန်ထက် ပိုများနေသလို နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အိပ်-ဟောက်- အသက်ရှူရပ်ရောဂါ၊ အသည်းအဆီဖုံးတာ၊ စိတ်ကျန်းမာရေးပြဿနာတွေ၊ ကိုယ်ဝန်ဆောင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ 


PMOS ကို သွေးစစ်တာကနေတဆင့် သိရှိနိုင်ပါတယ်။ ဟော်မုန်းတွေကို စစ်ဆေးတာကနေတဆင့်လည်း သိရှိနိုင်ပါတယ်။ ဒါတွေအပြင် စားသောက်မှုမူမမှန်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ 


PMOS ခံစားနေရပြီဆိုရင်တော့ ရာသီသွေးမမှန်တာ၊ အမွေးအမျှင်တွေ ပုံမှန်ထက် ပိုထွက်တာတွေကို ခံစားရနိုင်ပါတယ်။ အခြားသော ကျန်းမာရေးပြဿနာတွေအနေနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး၊ ဆီးချိုရောဂါ၊ အဝလွန်တာ၊ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ 


ဒါကြောင့် ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ် အမျိုးသမီးတွေအနေနဲ့ ရာသီသွေးဆင်းတာ မမှန်တာမျိုး၊ အမွေးအမျှင်တွေ ပုံမှန်ထက်ပိုထွက်နေတာ၊ ကိုယ်အလေးချိန် အဆမတန်တက်လာတာမျိုးတွေ ခံစားနေရပြီဆိုရင်တော့ PMOS ခံစားနေရပြီလားဆိုတာကို သိရှိနိုင်ဖို့အတွက် သေချာလေး စစ်ဆေးဖို့ လိုပါမယ်။ 



0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!