- ကယ်လ်ဆီယမ် ပိုစားပါ
- အချိုစာတွေအစား သစ်သီးလေးတွေ စားပါ
- ပရိုတင်း ပြည့်ဝတာတွေကို စားပေးပါ
- ရေအပါအဝင် အရည်များများ သောက်ပါ
- တစ်နေ့တာမှာ အစားကို နည်းနည်းချင်းစီနဲ့ မကြာမကြာ စားပေးပါ
- အဆာခံနိုင်စေဖို့အတွက် အမျှင်ဓာတ်များတာတွေကို စားပေးပါ။
ရာသီလာချိန်မှာ ပုံမှန်ထက် ဗိုက်ဆာတယ်လို့ ခံစားရတာက ကိုယ်တစ်ယောက်တည်းလို့ ယူဆနေတာလား! တကယ်ကတော့ ဒီလို မဟုတ်ပါဘူး။ ရာသီလာချိန်မှာ ဗိုက်ဆာတာက လေဒီလေးတော်တော်များများမှာ တွေ့ကြုံရနိုင်တဲ့ အခြေအနေတစ်ရပ်ပါ။
ရာသီလာနေချိန် နဲ့ ရာသီမလာခင် တစ်ပတ် ကနေ ၂ ပတ်လောက်မှာ ပုံမှန်ထက် ပိုပြီးဗိုက်ဆာတာမျိုး ခံစားကြရပါတယ်။ ရာသီလာချိန်မှာ အစားစားချင်စိတ် ပြောင်းတာ၊ အစားစားချင်စိတ် ပုံမှန်ထက် ပိုများနေတာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီအကြို လက္ခဏာတစ်ခုပါ ပဲ
ရာသီလာချိန်မှာ ပုံမှန်ထက် ဗိုက်ဆာတာက ပုံမှန်ပဲလား!
ရာသီလာချိန်မှာ ဗိုက်တာက ပုံမှန်ပဲလား ဆိုတော့ ပုံမှန်ပါပဲ။ အကြောင်းကတော့ ရာသီလာခါနီး သားဥကြွေတာနဲ့ မျိုးဥအိမ်ကနေ သားဥလေးတွေထွက်လာပြီးချိန်မှာ ကိုယ်တွင်းမှာ ပရိုဂျက်စတုန်းဟော်မုန်းပမာဏ မြင့်တက်လာတာကြောင့် ပုံမှန်ထက် ဗိုက်ဆာတာမျိုးကို ခံစားရတာပါ။
တစ်ချိန်တည်းမှာပဲ စိတ်ခံစားမှုအပေါ် သက်ရောက်နေတဲ့ ဆီရိုတိုနင်လို့ခေါ်တဲ့ ဟော်မုန်းက ကျဆင်းသွားပါ တယ်။ ဒီအခြေအနေမှာ စိတ်ခံစားမှု ကောင်းစေဖို့အတွက် အချိုစားချင်စိတ်တွေ လွန်ကဲနေတာကို တွေ့ရမှာပါ။
ရာသီလာနေချိန်မှာ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲမှုကြောင့် ပရိုတင်းစားချင်စိတ်တွေ ပိုဖြစ်နေတာ၊ အထူးသဖြင့် အသားတွေ စားချင်တာမျိုး ဖြစ်နိုင်သလို ပုံမှန်ထက်ပိုပြီး ကယ်လ်လိုရီ များတာတွေကို စားချင်တာ အချိုကဲ အငန်ကဲတာတွေကို စားချင်တာမျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။
ရာသီလာနေချိန်မှာ ချောကလက်တွေ စားချင်တာ၊ အချိုကဲတဲ့အစားအစာတွေနဲ့ အငန်ကဲတဲ့ အစားအစာတွေ စားချင်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ကိုယ်တွက်းဟော်မုန်း ပြောင်းလဲနေချိန်မှာ အချိုစားလိုက်မှ ဦးနှောက်ထဲမှာ ဆီရိုတိုနင်ဟော်မုန်းတွေ ကြွယ်ဝလာပြီး စိတ်ခံစားမှုတွေ ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ရာသီလာနေချိန်မှာ ကိုယ်တွင်းမှာ ကယ်လ်လိုရီတွေ ပုံမှန်ထက် နည်းနည်းလေး ပိုမိုလိုအပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပဲ ရာသီလာချိန်မှာ ပုံမှန်ထက် ပိုပြီး ဗိုက်ဆာတာမျိုး ခံစားကြရတာပါ။
ရာသီလာချိန် ဗိုက်ဆာတာကို ဘယ်လို ဖြေရှင်းမလဲ!
ရာသီလာချိန်မှာ ဗိုက်ဆာတာကို သက်သာစေဖို့ဆိုရင်တော့ -
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!