ရာသီလာချိန်မှာ အဆစ်တွေနာကျင်ကိုက်ခဲတာ ပုံမှန်ပဲလား!
ရာသီလာချိန်မှာ ဗိုက်ပွတာ၊ ဝမ်းခဏခဏ သွားတာ၊ ရာသီလာချိန် ဆီးစပ်ကိုက်တာလိုမျိုး နာကျင်ကိုက်ခဲတာတွေလိုပဲ ရာသီလာချိန်မှာ ကိုယ်လက်တွေ ကိုက်ခဲတာ၊ အဆစ်တွေနာကျင်ကိုက်ခဲတာက ဖြစ်တတ်ပါတယ်။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီလာချိန် ခံစားရနိုင်တဲ့ အခြေအနေတစ်ရပပါ်။ အကြောင်းကတော့ ရာသီလာချိန်မှာ ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး (လေဒီလေးတွေရဲ့ အဓိကဟော်မုန်းတွေ ဖြစ်ကြတဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေ ပြောင်းလဲမှုကြောင့်) ရာသီမလာခင်နဲ့ ရာသီလာနေချိန်အတွင်းမှာ အဆစ်တွေ ကိုက်ခဲတာ၊ နဂိုက ဒဏ်ဖြစ်ထားတဲ့ အဆစ်တွေက နာကျင်မှုတွေကို တဖန်ပြန်ခံစားရတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ရာသီသွေးစဆင်းတဲ့ ရက်တွေမှာ ကိုယ်တွင်းက အီစထရိုဂျင်ဟော်မုန်း ပမာဏ ကျဆင်းသွားပြီး အဆစ်တွေ နာကျင်တာကိုက်ခဲတာ၊ အဆစ်တွေ တောင့်တင်းတာတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်တွင်းမှာ Prostaglandin level ကျဆင်းလာလေလေ ကိုက်ခဲမှုတွေက လျော့ပါးလာလေလေပါ။ ရာသီမလာခင် အကြိုကာလတွေနဲ့ ရာသီသွေးစဆင်းတဲ့ ရက်တွေမှာ Prostaglandin level က မြင့်နေပေမယ့် နောက်ပိုင်းရက်တွေမှာ Prostaglandin level ကကျဆင်းလာတာကြောင့် နာကျင်ကိုက်ခဲမှုက တဖြည်းဖြည်း လျော့ပါးလာပါတယ်။ သက်သာစေဖို့! ရာသီလာချိန်မှာ အဆစ်တွေနာကျင်ကိုက်ခဲတာ၊ တောင့်တင်းတာတွေကို သက်သာစေဖို့ဆိုရင် အခုလို နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။- အကြောလျှော့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ
- ပြည့်ပြည့်ဝဝ အနားယူပါ
- နာကျင်နေတဲ့ အဆစ်တွေကို သွေးလည်ပတ်မှုကောင်းအောင် နှိပ်နယ်ပေးပါ
- ရေနွေးနွေးလေးနဲ့ ရေချိုးပါ
- အကိုက်အခဲ သက်သာစေဖို့ ပါရာစီတမော ပါတဲ့ဆေးတစ်မျိုးမျိုးကို သောက်ပေးပါ
- လိမ်းဆေး လိမ်းပေးပါ
- ဆေးပလာစတာ ကပ်ပေးပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!