ရာသီလာချိန်မှာ အားအင်ကုန်ခမ်း ပင်ပန်းသလို ခံစားနေရတာ ဘာကြောင့်များလဲ!
ရာသီလာချိန်မှာ အားအင်ကုန်ခမ်း ပင်ပန်းသလို ခံစားရတာက အခုလိုမျိုး အကြောင်းအရင်းတွေကြောင့်ပါ။- ဟော်မုန်း ပြောင်းလဲတာ
- ရာသီသွေးဆင်းတာ
- သားအိမ်ကျုံ့ဆန့်မှုခံစားရတာ
- ကောင်းကောင်းအိပ်မပျော်တာ
- အစားရှောင်တာ
- သွေးအားနည်းရောဂါ ရှိတာ
Lotoshinn ရဲ့ စကားလက်ဆောင် ရာသီလာချိန်မှာ ပင်ပန်းသလို အားအင်ကုန်ခမ်းသလို ခံစားရတာက ဟော်မုန်းအတက်အကျဖြစ်တာကြောင့်နဲ့ ရာသီလာချိန်မှာ သွေးဆင်းမှုကြောင့် ကိုယ်တွင်းက သံဓာတ်တွေ ဆုံးရှုံးသွားတာကြောင့်ပါ။ ရာသီလာချိန်မှာ ကိုယ်တွင်းက အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်း ကျဆင်းသွားတာက ကိုယ်ထဲမှာ အားနည်းပြီး ခြေကုန်လက်ပမ်းကျတာကို ခံစားရနိုင်ပါတယ်။ ဒီအချက်တွေအပြင် ရာသီလာချိန်မှာ သားအိမ်ကျုံ့ဆန့်မှု ဖြစ်စဉ်ကြောင့် ဗိုက်အောင့်တာ ဆီးစပ်ကိုက်တာတွေကို ခံစားရတာကြောင့်လည်း နေရတာ ပင်ပန်းပြီး အားအင်ကုန်ခမ်းသလို ခံစားလာရတာပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!