ရာသီလာတဲ့အခါ နာကျင်မှုကို ခံစားရတာကြောင့် ပုံမှန်ထက် ပိုပင်ပန်းနေနိုင်ပါတယ်
ရာသီလာတဲ့အခါ ဆီးစပ်ကိုက်တာ၊ ဗိုက်အောင့်တာ၊ ကိုယ်လက်ကိုက်ခဲတာလိုမျိုး အခြေအနေတွေကို လေဒီလေး တော်တော်များများ ခံစားရပြီး ဒီခံစားရတဲ့ သက်တောင့်သက်သာ မဖြစ်မှုတွေကပဲ ရာသီလာတဲ့အချိန်မှာ အခြားအချိန်တွေထက် ပိုပြီး ပင်ပန်းတယ်လို့ ခံစားရစေနိုင်ပါတယ်။ ရာသီလာချိန်မှာ ကိုယ်တွင်းက ရေဓာတ်၊ ဓာတ်ဆားဓာတ်၊ သံဓာတ် စတာတွေကို ရာသီသွေးအနေနဲ့ ဆုံးရှုံးရတာကြောင့်လည်း ရာသီလာချိန်မှာ ပုံမှန်အချိန်တွေထက် ပိုပြီး ပင်ပန်းနေရတာပါ။ရာသီလာနေချိန်မှာ အချိုရည်တွေ သောက်တာ ဘယ်လိုဆိုးကျိုး ရှိနိုင်မလဲ!
ရာသီလာချိန်မှာ ပင်ပန်းနုံးချိနေတာတွေကို သက်သာစေဖို့ ဆိုပြီး အချိုရည်အေးအေးလေး သောက်သုံးတာ၊ အားဖြည့်အချိုရည်တွေကို သောက်သုံးတဲ့အခါ ခဏတာအားဖြင့် နေရတာ လန်းသွားသလို ခံစားရနိုင်ပေမယ့် တကယ်ကတော့ ရာသီလာချိန်မှာ အချိုရည်သောက်လိုက်တာက -- ရာသီလာချိန် နာကျင်ကိုက်ခဲတာကို ပိုဆိုးစေတယ်
- လေပွတာကို ပိုဆိုးစေတယ်
- ဟော်မုန်းမညီမျှမှု ပိုဆိုးစေတယ်
- သားအိမ်တွင်းရေအိတ်တည်တာကို ပိုဆိုးစေတယ်
- ဝက်ခြံတွေကို ပိုဆိုးစေတယ်
- Mood Swings ဖြစ်စေနိုင်တယ်
လေ့လာချက်ရလဒ်
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ သိရတာက ရာသီလာချိန်မှာ အချိုရည်သောက်သုံးနဲ့ အမျိုးသမီးလေးတွေဟာ ရာသီလာချိန်မှာ အချိုရည်မသောက်တဲ့ လေဒီလေးတွေထက် နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ခြေ ၇ ဆအထိ များနေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အချိုရည်နည်းတူ ကဖင်းပါဝင်တဲ့ သောက်စရာတွေ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်တွေကို သောက်သုံးတာကလည်း ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေပါတယ်။ အကြောင်းကတော့ အချိုရည်တွေမှာပါဝင်နေတဲ့ သကြားဓာတ်က ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ရရှိမှုကို လျော့နည်းစေလို့ပါ။ နောက်ပြီး သွေးကြောတွေကို ကျုံ့စေပြီး နာကျင်မှုကို ခံစားရစေတဲ့ anaerobic metabolites တွေကို ထွက်ရှိစေဖို့ လှုံ့ဆော်ပေးနေတာကြောင့်လည်း ပါပါတယ်။ ဒီအချက်တွေအပြင် သကြားစားသုံးမှုများတာ အချိုရည်တွေ အလွန်အကျွံ သောက်တာက စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်ဆီစော ဟော်မုန်းတွေကို ထွက်ရှိစေနိုင်တာကြောင့် လည်း နာကျင်ကိုက်ခဲမှုကို ပိုပြီး ခံစားရတာပါ။ ဒီအခြေအနေက ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေပြီး နာကျင်ကိုက်ခဲမှုတွေကိုလည်း ၂ ဆလောက်အထိ မြင့်တက်စေနိုင်ပါတယ်။Lotoshinn ရဲ့ စကားလက်ဆောင် ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျတယ်လို့ ခံစားရတာကြောင့် သက်သာစေဖို့ တစ်ခုခု သောက်ချင်တယ်ဆိုရင် အုန်းစိမ်းရည်၊ ဓာတ်ဆားဖြည့်ဖျော်ရည်၊ ရေနွေးနွေးလေး စတာတွေကို သောက်သုံးပေးလို့ ရပါတယ်။ အချိုကဲနေတဲ့ သောက်စရာတွေက ခဏတာမှာ အားပြည့်လန်းဆန်းစေတယ်လို့ ထင်ရပေမယ့် ရေရှည်မှာ ကျန်းမာရေးဆိုးကျိုးတွေ ရှိနိုင်တာကြောင့် သတိထားဆင်ခြင်ဖို့ တိုက်တွန်းချင် ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!