ရာသီသွေး ဘာကြောင့် အနံ့ဆိုးရတာလဲ!
အထွေထွေ

ရာသီသွေး ဘာကြောင့် အနံ့ဆိုးရတာလဲ!

Admin

📅 13.06.2025
ခေါင်းစဉ်ကို ကြည့်ပြီး ရာသီသွေး အနံ့ဆိုးရတာက သွေးပုပ်တွေမို့လို့လေလို့ ဖြေတော့မလို့လား …. တကယ်ကတော့ ရာသီသွေးဆိုတာက သွေးပုပ်ဆိုတာထက် အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးလေးတွေမှာ မေမေဖြစ်ဖို့အတွက် ပြင်ဆင်မှုတစ်ရပ်အနေနဲ့ သားအိမ်နံရံတွေမှာ ဖြစ်တည်နေတဲ့ အရာတွေက သန္ဓေအောင်မှု ဖြစ်စဉ် မဖြစ်မြောက်သွားချိန်မှာတော့ သွေးတွေ အချွဲတွေ အနေနဲ့ ခန္ဓာကိုယ် ပြင်ပကို ဆင်းလာတာပါ။  ဒီလိုဆင်းလာတဲ့ သွေးတွေက ပြင်ပလေထုနဲ့ ထိတွေ့မိချိန်မှာ အနံ့ဆိုးဖြစ်သွားရတာပါ။ ဒါကတော့ ကျန်းမာရေးကြောင့် မဟုတ်ဘဲ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်တဲ့ ရာသီလာချိန်မှာ ရာသီသွေးက အနံ့ဆိုးရတဲ့ အကြောင်းအရင်းပေါ့။ ရာသီသွေး အနံ့ဆိုးစေတဲ့ အခြားသော အကြောင်းအရင်းများ ဒီအချက်အပြင် ရာသီသွေးကို အနံ့ဆိုးစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ - 
  • တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ
ရာသီလာချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ဖို့ လိုသလို လစဉ်သုံးပစ္စည်းတွေ၊ တမ်ပွန်စတာတွေကို ၄ နာရီခြား တစ်ကြိမ် ပုံမှန် လဲလှယ်ဖို့ လိုပါမယ်။ ဒါကြောင့် ရာသီလာချိန်မှာ ရေပုံမှန် ချိုးတာ၊ လစဉ်သုံးကို လဲလှယ်တာတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။
  • ဘက်တီးရီးယား ပေါက်ဖွားတာ
ရာသီလာချိန်မှာ လစဉ်သုံးကို  ၄ နာရီခြား တစ်ခါလောက် လဲလှယ်ပေးတာမျိုး မလုပ်ဖြစ်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး ရာသီလာချိန်မှာ အနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ 
  • အချိန်အတော်ကြာတဲ့အထိ တမ်ပွန်၊ လစဉ်သုံးတို့ကို မလဲဖြစ်တာ
ရာသီလာနေချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းစေဖို့ရော မိန်းမကိုယ်ကျန်းမာစေဖို့အတွက်ပါ လစဉ်သုံးနဲ့ တမ်ပွန်တွေကို ၄ နာရီခြားတစ်ခါ လဲလှယ်ပေးဖို့ လိုပါမယ်။ ဒီလိုမှ မဟုတ်ဘဲ တစ်နေ့ကိုမှ တစ်ကြိမ်လောက လဲလှယ်တာ၊ တစ်နေ့ကို ၂ ကြိမ်လောက်ပဲ လဲလှယ်တာက ရာသီလာချိန်မှာ အနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။  ဒီအခြေအနေတွေက ရာသီလာချိန်မှာ အနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။  ရာသီလာချိန်မှာ အနံ့ဆိုးထွက်တာကို သက်သာစေဖို့ ရာသီလာချိန်မှာ အနံ့ဆိုးထွက်တာကို သက်သာစေဖို့၊ နေရတာ သက်တောင့်သက်သာဖြစ်စေဖို့နဲ့ ရောဂါပိုးတွေ ပေါက်ဖွားတာကို ကာကွယ်နိုင်စေဖို့ဆိုရင်တော့ - 
  • တစ်နေ့ကို ၂ ကြိမ်လောက် ရေချိုးပါ
  • တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
  • လစဉ်သုံး၊ တမ်ပွန် စတာတွေကို ၄ နာရီခြား တစ်ခါ လဲလှယ်ပေးပါ
  • လေဝင်လေထွက်ကောင်းတဲ့ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပါ
  • အတွင်းခံကို သေချာသန့်စင်လျှော်ဖွတ်အခြောက်ခံလို့ ဝတ်ဆင်ပါ
ရာသီသွေးအနံ့ဆိုးတာက အမျိုးမျိုးသော အနံ့တွေကို ဖြစ်စေနိုင်ပါတယ်။  သတ္တုနံ့နံတာမျိုး - ဒါကတော့ ရာသီသွေးရဲ့ ဖြစ်နေကျ အနံ့တစ်ရပ်ပါ။ သွေးထဲမှာ သံဓာတ်တွေ ပါဝင်နေတာကြောင့် သံနံ့လိုလို သတ္တုလိုလို အနံ့တွေ ထွက်နေရတာပါ။  ပုပ်အဲ့အဲ့အနံ့ နံတာမျိုး - ဒါကတော့ ပုံမှန်အားဖြင့် မထွက်တတ်ပေမယ့် ရာသီသွေးဆင်းနေချိန်မှာ တမ်ပွန်နဲ့ လစဉ်သုံးကို အချိန်အတော်ကြာတဲ့အထိ မလဲဘဲ ထားလိုက်တာကြောင့် ထွက်လာတဲ့ အနံ့ပါ။ ချိုအီအီအနံ့ထွက်နေတာမျိုး - ဒါကတော့ ရာသီလာချိန်မှာ မိန်းမကိုယ်ရဲ့ ဘက်တီးရီးယားတွေ ဟန်ချက်ပြောင်းနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာ တစ်ရပ်ပါ။ ချွေးနံ့နံတာမျိုး - ဒါကတော့ မိန်းမကိုယ်နားတဝိုက်က ချွေးဂလင်းလေးတွေကထွက်လာတဲ့ ချွေးတွေနဲ့ ရာသီသွေးတွေ ရောသွားရာက ထွက်လာတဲ့ အနံ့ဆိုးပါ။  https://youtu.be/z_o54dZqMLs?si=92m2u1W4XNuOQlJY

ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသဖို့ လိုမလဲ!

ရာသီသွေးဆင်းချိန်မှာ ပုံမှန်မဟုတ်တဲ့ အနံ့ထွက်တာမျိုးနဲ့အတူ အခုလို လက္ခဏာတွေ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ပြသဖို့ လိုပါမယ်။
  • ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ
  • ဆီးသွားချိန်မှာ နာကျင်တာ
  • အကျိအချွဲတွေ ဆင်းတာ
  • သားအိမ်ခေါင်းဝ ယားယံတာ
  • အတူနေချိန်မှာ နာကျင်တာ
  • ဆီးသွားရင်ပူတာလိုမျိုးတွေ ဖြစ်နေမယ်ဆိုရင် ပိုးဝင်ကူးစက်မှု ရှိနေလားဆိုတာကို စစ်ဆေးဖို့ လိုပါမယ်။ 
Lotoshin ရဲ့ စကားလက်ဆောင် ရာသီသွေးဆင်းတာက ကျန်းမာတဲ့ ပြယုဂ်တစ်ခုဖြစ်သလို ရာသီသွေးဆင်းတာက အရမ်းမများဘဲ၊ အနံ့ဆိုးနေတာမျိုး ကာလရှည်ကြာဆင်းနေတာမျိုး မရှိဘူးဆိုရင်တော့ ကျန်းမာတဲ့ အခြေအနေလို့ ဆိုရမှာပါ။ ရာသီသွေးက သွေးပုပ်တွေ မဟုတ်သလို သွေးက အနံ့ဆိုးနေတာမျိုးမဟုတ်ဘဲ ပြင်ပလေထုနဲ့ ထိတွေ့ချိန်မှသာ ရာသီသွေးက အနံ့ပြောင်းသွားတာမျိုးပါ။ ဒါကြောင့် ရာသီလာချိန်မှာ အနံ့ဆိုးကင်းစေဖို့ အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေကို လိုက်နာဖို့ လိုပါမယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!