ရာသီအကြိုလက္ခဏာလိုမျိုး ရင်သားတွေနာတယ် ဗိုက်တွေအောင့်တယ် ဒါပေမယ့် ရာသီမလာဘူး ဘာကြောင့်လဲ!
ရာသီအကြိုလက္ခဏာလိုမျိုး ရင်သားတွေနာတယ် ဗိုက်တွေအောင့်တယ် ဒါပေမယ့် ရာသီမလာဘူး ဘာကြောင့်လဲ! ဆိုတော့ -- ဟော်မုန်းပါတဲ့ သားဆက်ခြားဆေးတွေ သောက်နေရတာ
- ကိုယ်ဝန်ရှိနေတာ
- သားအိမ်တစ်ရှူးတွေ ပုံမှန်မဟုတ်ဘဲ ကြီးထွားနေတာ
- ရေအိတ်တည်တာ
- နေရာမှားပြီး သန္ဓေတည်တာ
- ရင်သားကင်ဆာ
- သားအိမ်ကင်ဆာ
ဆေးစစ်မှု ခံယူသင့်တဲ့ အခြေအနေ
ဗို်ကအောင့်တာ ရင်သားနာတာတွေက မကြာခဏဖြစ်နေမယ်။ ရာသီလာပြီးချိန်မှာလည်း မသက်သာသွားဘဲ ဆက်ခံစားနေရမယ်။ လက္ခဏာတွေကို ၂ ပတ်ဆက်တိုက် ခံစားနေရမယ့်အပြင် နာကျင်ကိုက်ခဲမှုကြောင့် အစားအသောက်ပျက်တာမျိုးအထိ ဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ အခြားသော လက္ခဏာတွေအနေနဲ့ -- ရင်သားတွေ နာကျင်တာ
- ရင်သားထိပ်ကနေ သွေးလိုလိုအရည်တွေ အညိုရောင်အရည်တွေ ထွက်လာတာ
- နေ့စဉ် အလုပ်တွေကိူ လုပ်ဖို့ ခက်ခဲတဲ့အထိ နာကျင်ကိုက်ခဲမှုကို ခံစားနေရတာ
- ဆီးမထိန်းနိုင် ဝမ်းမထိန်းနိုင်တာမျိုး ဖြစ်တာ
- ရင်သားတစ်ဖက်တည်းမှာ အကျိတ်ဖြစ်တာ
- ရင်သားမှာ အကျိတ်အဖုလေးတွေ ဖြစ်နေတာ
- ကိုယ်ဝန်ရှိတယ်လို့ ဆီးစစ်အဖြသ်အရ သိရတာမျိုးဆိုရင်လည်း လိုအပ်တဲ့ ကုသစစ်ဆေးမှုကို ချက်ချင်းခံယူဖို့ လိုပါမယ်။
ဘယ်လို သက်သာအောင် လုပ်မလဲ!
ဒီနေရာမှာ ဖြစ်ရတဲ့ အကြောင်းရင်းခံကို လိုက်ပြီး သက်သာအောင်လုပ်တဲ့ နည်းလမ်းက ကွာခြားနိုင်ပါတယ်။ ဟော်မုန်းပါတဲ့ တားဆေးတွေကြောင့် ဖြစ်တာမျိုးဆိုရင် ဟော်မုန်းမပါတဲ့ တားဆေးပြောင်းသောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။ အိမ်တွင်းကုထုံးတွေ အနေနဲ့ကတော့- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ
- အငန်တွေ အဆီတွေလျှော့စားတာ
- ရေများများသောက်တာ
- ကဖင်းလျှော့တာ
- OCT အကိုက်အခဲပျောက်ဆေးတွေ သောက်တာ
- ရေနွေးအိတ်ကပ်တာ
- ရေနွေးနွေးနဲ့ ရေချိုးတာ
- ဓာတ်ဆားဖြည့်ဖျော်ရည်တစ်ခုခု သောက်လို့ ရပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!