သားသားမီးမီးတို့ ပျော်ရွှင်မှုဟော်မုန်းလေးတွေ ထွက်စေဖို့
အထွေထွေ

သားသားမီးမီးတို့ ပျော်ရွှင်မှုဟော်မုန်းလေးတွေ ထွက်စေဖို့

Admin

📅 12.06.2024
သားသားမီးမီးတို့ကို ထက်မြက်စေချင်ရင် အရေးကြီးတဲ့ အချက်တစ်ခုက ပျော်ရွှင်စွာကြီးပြင်းစေဖို့ပါ။ ဒီလိုမျိုး သားသားမီးမီးတို့ကို ပျော်ရွှင်စွာ ကြီးပြင်းစေဖို့ လုပ်ဆောင်ပေးရမယ့် အချက်လေး တစ်ခု ရှိပါတယ်။ ဒါကတော့ သားသားမီးမီးတို့ကို ပျော်ရွှင်မှု ဟော်မုန်းလေးတွေ ထွက်ရှိအောင် လုပ်ဆောင်ပေးဖို့ပါ။  ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ကို အလွယ်ကူဆုံး နည်းလမ်းနဲ့ သားသားမီးမီးတို့ကို ပျော်ရွှင်ခြင်းဟော်မုန်း ထွက်ရှိစေဖို့ ဘယ်လို လုပ်ဆောင်ပေးရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။ သားသားမီးမီးတို့ ပျော်ရွှင်မှုဟော်မုန်းလေးတွေ ထွက်ရှိစေဖို့ရာ သားသားမီးမီးတို့ကို ပျော်ရွှင်မှု ဟော်မုန်းတွေ ထွက်ရှိစေဖို့ရာမှာ ဖေဖေမေမေတို့ လုပ်ဆောင်ပေးရမှာလေးတွေ ကတော့ - 
  • လွတ်လွတ်လပ်လပ် ပေးဆော့လိုက်ပါ
သားသားမီးမီးတို့ကို လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ ပေးဆော့တာ၊ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို  ပုံမှန် လုပ်ပေးတာက ကလေးတွေကို ပျော်ရွှင်မှုဟော်မုန်းတွေ ထွက်ရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို လွတ်လွတ်လပ်လပ် ပေးဆော့လိုက်ပါ။ ကလေးကို စက်ဘီးပေးစီးလို့ ရသလို၊ ပြေးလွှားဆော့တာ၊ တိုက်ကွမ်ဒို၊ ဂျူဒိုလိုမျိုး ကစားတဲ့နည်းလမ်း
  • လုံလောက်တဲ့ ကစားချိန် ရှိအောင် ဂရုစိုက်ပေးပါ
သားသားမီးမီးတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်လေးတွေကို ဖုန်းတွေ၊ စခရင်မ်တွေ ကြည့်ရင်း အချိန်တွေကို ကုန်ဆုံးစေမယ့်အစား စိတ်ကူးဉာဏ် ကွန့်မြူးစေမယ့် ဂိမ်းလေးတွေ ကစားပေးတာ၊ ရွယ်တူအချင်းချင်း ပေးကစားတာမျိုးတွေ လုပ်ပေးပါ။
  • ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိအောင် ဂရုစိုက်ပါ
ကလေးကို ငယ်စဉ်ကတည်းက အိပ်ချိန် ပြည့်ပြည့်ဝဝ ရှိအောင် ဂရုစိုက်ပေးတာက ကလေးကို ဦးနှောက် ဖွံ့ဖြိုးစေဖို့ရော ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေဖို့ပါထောက်ကူပေးသလို ပျော်ရွှင်မှုဟော်မုန်းတွေ ထွက်ရှိစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ 
  • မိသားစုအချိန်လေး ဖန်တီးပေးပါ
ကလေးကို မိသားစု အချိန်လေးတွေ ဖန်တီးပေးတာ၊ သူငယ်ချင်းလေးတွေနဲ့ အတူဆုံတွေ့ချိန်လေးတွေ ပေးတာက ကလေးကို ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • တီထွင်ဖန်တီးနိုင်စွမ်း ကောင်းစေမယ့် အရာလေးတွေ လုပ်ဆောင်ပါစေ
သားသားမီးမီးတို့ကို ပန်းချီဆွဲစေတာ၊ အရောင်ခြယ်စေတာ၊ ဂီတတူရိယာ တစ်ခုခုကို တီးခတ်စေတာတွေက ကလေးကို ပျော်ရွှင်ခြင်းဟော်မုန်းတွေ ထွက်ရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကလေးကို စိတ်ဓာတ်ကျမှု ကင်းပြီး ပျော်ရွှင်ထက်မြက်စွာနဲ့ ကြီးပြင်းလာစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးလိုက်ပါနော်။ # သတင်းစကား ငယ်စဉ်ကတည်းက ပျော်ရွှင်နွေးထွေးမှု ပြည့်ဝစွာနဲ့ ကြီးပြင်းရတဲ့ ကလေးတွဟာ ထူးချွန်ထက်မြက်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူလေးတွေအဖြစ် ကြီးပြင်းအရွယ်ရောက်လာကြပါတယ်။ ဒါကြောင့် ကလေးကို ပျော်ရွှင်စေမယ့် အလေ့အထလေးတွကို ငယ်စဉ်ကတည်းက လုပ်ဆောင်ပေးရင်း ထက်မြက်တဲ့ကလေးလေးတွေဖြစ်အောင် ပျိုးထောင်လိုက်ပါ။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!