သံဓာတ်အားဖြည့်ဆေးတွေ သောက်ပြီးရင် ဝမ်းချုပ်တာ ဘာကြောင့်များလဲ!
အထွေထွေ

သံဓာတ်အားဖြည့်ဆေးတွေ သောက်ပြီးရင် ဝမ်းချုပ်တာ ဘာကြောင့်များလဲ!

Admin

📅 26.10.2024
သံဓာတ်ဆိုတာက ခန္ဓာကိုယ်အတွက် အမျိုးမျိုးသောအကြောင်းအရင်းတွေအတွက် လိုအပ်တဲ့ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။သံဓာတ်က ခန္ဓာကိုယ်အတွက် ကျန်းမာတဲ့ အောက်ဆီဂျင်ပမာဏ ရရှိစေဖို့၊ ဟော်မုန်းလုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်စေဖို့နဲ့ အခြားအခြားသော အကြောင်းအရင်းတွေအတွက် လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ သံဓာတ်က အရေးကြီးပေမယ့် တော်တော်များများက သံဓာတ်ကိုပြည့်ဝအောင် မစားမိကြတာကြောင့် သံဓာတ်ချို့တဲ့တာတွေကို ခံစားကြရပါတယ်။ ဒီအခြေအနေကို အများဆုံး ကြုံတွေ့ရတာကတော့ လစဉ် ရာသီသွေးဆင်းတာကို ခံစားနေရတဲ့ လေဒီလေးတွေပါ။  ရာသီသွေးဆင်းတဲ့အခါ ရာသီသွေးနဲ့အတူ ခန္ဓာကိုယ်တွင်းက သံဓာတ်၊ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ဆုံးရှုံးကြရပါတယ်။ ဒီအခြေအနေက လေဒီလေးတွေကို ခြေကုန်လက်ပမ်းကျစေတာ၊ မူးမော်တာလိုမျိုး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။  ရာသီသွေးဆင်းတာကြောင့် ကုန်ဆုံးသွားတဲ့ သံဓာတ်တွေကို ဖြည့်တင်းဖို့ အလွယ်ဆုံးနည်းလမ်း တစ်ခုက သံဓာတ် အားဖြည့်ဆေးသောက်တာပါပဲ။ ဒီလို သံဓာတ်အားဖြည့်ဆေးသောက်တဲ့အခါ လေဒီလေး တော်တော်များများ စိတ်ညစ်တဲ့ ကိစ္စလေး တစ်ခုကလည်း ရှိပါသေးတယ်။ ဒါကတော့ သံဓာတ် အားဖြည့်ဆေးသောက်တဲ့အခါ ဝမ်းချုပ်တဲ့ ကိစ္စပါ။  သံဓာတ် အားဖြည့်ဆေးသောက်ရင် ဝမ်းချုပ်တယ် ဆိုတာကို သိကြပေမယ့် ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာကိုရော သိပြီးပြီလား…… မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရှင်းပြထားလို့ လေ့လာကြည့်လို့ရပါတယ်နော်။  ယုံတမ်းစကားမဟုတ်သော သံဓာတ်အားဖြည့်ဆေးသောက်ရင် ဝမ်းချုပ်ခြင်း သံဓာတ်အားဖြည့်ဆေးသောက်ရင် ဝမ်းချုပ်တယ်ဆိုတာက ယုံတမ်းစကားတစ်ခုမဟုတ်ဘဲ တကယ့်ကို ကြုံတွေ့ရနိုင်တဲ့ အချက်တစ်ခုပါ။ လေ့လာမှုတွေ သိရတာက သံဓာတ်အားဖြည့်ဆေး သောက်လိုက်တဲ့အခါ အူထဲမှာ မီသိန်းဂတ်စ်တွေ များလာတာကြောင့်ပါတဲ့။ အကြောင်းကတော့ အူထဲမှာ မီသိန်းဂတ်စ်တွေ များလာတဲ့အခါ အူသိမ်နှောင်းပိုင်းနဲ့ အူမကြီးတွေရဲ့ လှုပ်ရှားမှုကို နှောင့်နှေးစေသလို အစာခြေအူလမ်းကြောင်းရဲ့ အမျိုးမျိုးသော လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပါတယ်။ ဒီအခြေအနေကပဲ ဝမ်းချုပ်တာ၊ ဗိုက်အောင့်တာ၊ လေပွတာမျိုးတွေကို ခံစားရစေတာပါ။ ဒါကတော့ သံဓာတ်အားဖြည့်ဆေးသောက်လို့ ဝမ်းချုပ်ရတဲ့ ပထမ အကြောင်းအရင်းလေးပါ။ နောက်ထပ် ဖြစ်နိုင်ခြေရှိသေးတဲ့ သံဓာတ် အားဖြည့်ဆေးကြောင့် ဝမ်းချုပ်ရတယ်ဆိုတဲ့ ဒုတိယ အ  ကြောင်းအရင်းလေးကတော့ အူနံရံတွေက သံဓာတ်တွေကို သေချာ မစုပ်ယူနိုင်တာကြောင့်ပါ။ သံဓာတ် အားဖြည့်ဆေးသောက်လိုက်ချိန်မှာ ပိုလျှံနေတဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က ကောင်းကောင်းမစုပ်ယူနိုင် တာကြောင့် ကောင်းကျိုးမပြုတဲ့ ဘက်တီးရီးယားတွေက ပိုလျှံသံဓာတ်တွေကို စားသုံးလိုက်ရာကနေ ဝမ်းချုပ်တာလိုမျိုး ကျန်းမာရေးပြဿနာကို ခံစားရတာပါ။ ဒီအချက် ၂ ခုအပြင် သုတေသီတွေ ယုံကြည်ထားကြတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုက အူထဲမှာ သံဓာတ်တွေ လိုတာထက်ပိုနေတဲ့ အခြေအနေက အူလမ်းကြောင်းဆီကို ရေတွေ ပိုမိုရောက်ရှိသွားစေတာပါ။ ရေတွေက အစာအိမ်အူလမ်းကြောင်းရဲ့ အောက်ပိုင်းဆီကနေ အခြား အစိတ်အပိုင်းတွေဆီကို ပြန့်နှံ့ရာက်ရှိသွားချိန်မှာ ဝမ်းတွေကျစ်ပြီး ဝမ်းချုပ်တာမျိုး ခံစားရတယ်ဆိုတဲ့အချက်ပါ။  ဒီလိုအကြောင်းအရင်းလေးတွေကြောင့် သံဓာတ် အားဖြည့်ဆေးတွေ သောက်တဲ့အခါမှာ ဝမ်းချုပ်တာကို ခံစားကြရတာပါ။ သံဓာတ်အားဖြည့်ဆေးသောက်ပြီးချိန်မှာ ဝမ်းချုပ်တာက ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ ခံစားကြရတာပါ။  သံဓာတ်အားဖြည့်ဆေးသောက်တာက ဝမ်းချုပ်တာကို ဖြစ်စေနိုင်တယ်ဆိုပေမယ့် ဒီအချက်ကြောင့် သံဓာတ်ဖြည့်တင်းဖို့အတွက် လိုအပ်တဲ့အခြေအနေမှာ သံဓာတ်ကို မသောက်ဘဲနေတာမျိုး မလုပ်​ကြဖို့တော့ သတင်းပါးလိုက်ပါရစေနော်။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!