ဆီးမထိန်းနိုင်တဲ့ အမျိုးသမီးတွေ နှလုံးရောဂါခံစားရနိုင်ခြေရှိ
“ဆီးမထိန်းနိုင်မှုနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ ခံစားရနိုင်ခြေကြားမှာ ဆက်စပ်မှုတွေ ရှိနေပါတယ်” လို့ Wisconsin-La Crosse တက္ကသိုလ်ရဲ့ Assistant Professor_Lisa VanWiel ဦးဆောင်တဲ့ သုတေသီအဖွဲ့က ကောက်ချက်ချခဲ့ကြပါတယ်။ “ပုံမှန်အားဖြင့် ဆီးမထိန်းနိုင်တဲ့ အမျိုးသမီးတွေက နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားနေကြရတာပါ။ အကြောင်းအရင်းမရှိဘဲ ဆီးမထိန်းနိုင်တာမျိုး ဖြစ်နေမယ်ဆိုရင် နှလုံးကျန်းမာရေးကို စစ်ဆေးကြည့်သင့်ပါတယ်၊”လို့ သုတေသီတွေက အကြံပြုထားပါတယ်။ ဆီးမထိန်းနိုင်တဲ့ အခြေအနေကို တွေ့ကြုံခံစားနေရတဲ့ အမျိုးသမီး 60%ခန့်က နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားနေကြရတာပါ။ ဒီလေ့လာမှုအတွက် သုတေသီတွေက Connecticut မှာ ရှိတဲ့ Hartford Healthcare system မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် ဇွန်လအကြား ကုသမှုခံယူခဲ့တဲ့ အမျိုးသမီး ၂၀,၀၀၀ ကျော်ရဲ့ ဆေးမှတ်တမ်းတွေကို သေချာလေ့လာခဲ့ပါတယ်။ လေ့လာမှုမှာပါဝင်တဲ့ အမျိုးသမီး ၅%ကျော်က ဆီးမထိန်းနိုင်တာာကိုခံစားနေရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဆီးမထိန်းနိုင်တဲ့ အမျိုးသမီးတွေမှာ- အမျိုးအစား -၂ ဆီးချိုရောဂါ ခံစားရနိုင်ခြေက ပုံမှန်ထက် ၂၅% ကျော်
- သွေးတွင်းအဆီများနိုင်ခြေက ပုံမှန်ထက် ၃၇%ကျော်
- လေဖြတ်တာကို ခံစားရနိုင်ခြေက ပုံမှန်ထက် ၅၅%ကျော် ပိုများနေပါတယ်။ ဒီအချက်တွေအပြင် နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူရနိုင်ခြေက ပုံမှန်ထက် ၃ ဆလောက်ပိုများနေပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!