အရွယ်ငယ်ငယ်မှာ ကိုယ်ဝန်ဆောင်ရရင် ဘာတွေဖြစ်နိုင်လဲ!
ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်တာက ကိုယ်ဝန်ဆောင်ရတဲ့ မိခင်မှာရော ဝမ်းထဲမှာ လွယ်ထားရတဲ့ ကလေးငယ်လေးကိုပါ သေဆုံးနိုင်ခြေများပါတယ်။ ဒါတင်မကသေးဘဲ ကလေးကို အသက်အန္တရာယ်မရှိဘဲ မွေးဖွားခဲ့ရင်တောင်မှ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ ခန္ဓာကိုယ်က ကိုယ်ဝန်ဆောင်ရတဲ့အခါမှာ ကိုယ်တိုင်မှာလည်း အာဟာရချို့တဲ့မှုနဲ့အတူ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်တဲ့အပြင် အသက်ငယ်လွန်းတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ ကလေးမှာလည်း ရောဂါတွေ ခံစားရနိုင်ခြေ တော်တော်လေး များနေတယ်ဆိုတာပါ။ ဆယ်ကျော်သက်အရွယ် (အသက် ၁၀ နှစ် ကနေ ၁၉ နှစ်ကြား) မှာ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေမှာ- ကိုယ်ဝန်ဆိပ်တက်တာ
- မီးဖွားစဉ်ပိုးဝင်ကူးစက်တာ (ချုပ်ရိုးနဲ့ အမျိုးသမီးမျိုးပွားအင်္ဂါမှာ ပိုးဝင်ကူးစက်တာ) နဲ့
- ပိုးဝင်ကူးစက်တာကြောင့် တစ်ရှူးတွေပုပ်တာမျိုးတွေ ခံစားရနိုင်ခြေကလည်း အသက်၂၀ ကျော် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေထက် ခံစားရနိုင်ခြေက ပိုများနေပါတယ်။
- ပေါင်မပြည့်ဘဲမွေးတာ
- လမစေ့ဘဲမွေးတာ
- ပြင်းထန်တဲ့ မွေးရာပါ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်တာက ဆင်းရဲပြီး ကျပ်တည်းတဲ့ လူမှုအသိုက်အဝန်းတွေမှာ အများဆုံး တွေ့ရပြီး မိန်းကလေးတော်တော်များများဟာ အရွယ်မတိုင်ခင်မှာ လက်ထပ်ဖို့ ဖိအားပေးခံရသလိြ အရွယ်မတိုင်ခင်မှာ ကိုယ်ဝန်ဆောင်ဖို့ ဖိအားပေးခံရတာတွေလည်း ရှိနေပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်ရတဲ့ မိန်းကလေး အရေအတွက် များလာရခြင်းက မိန်းကလေး ငယ်လေးတွေမှာ မျိုးဆက်ပွားကျန်းမာရေးနဲ့ ကိုယ်တိုင်ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် ကိုယ်တိုင်ဆုံးဖြတ်ခွင့် မရတာကြောင့်လည်း ဖြစ်ပါတယ်။ အမျိုးသမီးငယ်လေးတွေတိုင်းသာ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရမယ်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုရဲ့ အကျိုးဆက်တွေကို သိရှိမယ်။ မှန်ကန်ဆီလျော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုသာ ရရှိမယ်၊ မျိုးဆက်ပွားကျန်းမာရေးဗဟုသုတတွေကို ရရှိမယ်ဆိုရင် ပိုကျန်းမာပျော်ရွှင်တဲ့ မိခင်ဘဝတွေကို ပိုင်ဆိုင်နိုင်မှာမို့ အားလုံးတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!