အထွေထွေကျန်းမာရေး
အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။
ညည ကောင်းကောင်း အိပ်ပျော်စေမယ့် အမူအကျင့်လေးတွေ
လူတစ်ယောက် တစ်နေ့တာလုံး လန်းရွှင်တက်ကြွနေစေဖို့အတွက်ဆိုရင် ညဘက်အိပ်စက်ချိန်ဟာ လုံလောက်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ သာမန်လူတစ်ယောက်အတွက် လုံလောက်တဲ့ အိပ်ချိန်ဆိုတာ တစ်ညကို ၇ နာရီကနေ ၈ နာရီကြား ရှိနေဖို့ လိုအပ်မှာပါ။ တစ်ရက်တလေ အိပ်ချိန်နည်းသွားတာ ပြဿနာမဟုတ်ပေမဲ့ အမြဲလိုလို အိပ်ရေးပျက်နေရင်တော့ ကြာလာရင် ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ ဒီအတွက် ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်စေဖို့ ခုပြောပြပေးမယ့် အလေ့အကျင့်တွေကို လိုက်နာရင်း ကိုယ့်ရဲ့နေထိုင်မှုပုံစံကို ပြင်ဆင်ပေးနိုင်ပါတယ်။ ✔၁။ ညအိပ်ချိန်ကို ပုံသေသတ်မှတ်ထားပါ။ ကိုယ့်အတွက် တစ်နေ့တာအိပ်စက်မှုပုံစံကို ပုံသေသတ်မှတ်ထားတဲ့အခါ ဒီအချိန်ရောက်ပြီဆိုတာနဲ့ မျက်လုံးက အိပ်ချင်လာပြီး ကြွက်သားတွေ ပြေပျော့လို့ အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ ဒါ့အပြင် အိပ်ချိန်ပုံသေထားခြင်းဖြင့် အိပ်ချိန်ပြည့်ဝစေရုံသာမက မနက်ပိုင်းမှာလည်း အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွပြီး တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်မှာပါ။ ✔၂။ အိပ်ချိန်နဲ့ ညစာခွဲထားပါ။ ညစာကို တတ်နိုင်ရင် ညနေ ၆ - ၇ နာရီထက် နောက်ကျပြီး မစားပါနဲ့။ ညစာစားနောက်ကျတဲ့အခါ အစာအိမ်ကလည်း တစ်နေ့လုံး အလုပ်လုပ်ထားတာဖြစ်တဲ့အတွက် အမာစာတွေကို ချေဖျက်ဖို့ အားနည်းသွားသလို အချိန်ပိုကြာတဲ့အတွက် အစာမကြေဖြစ်ပြီး အစာအိမ်၊ ဝမ်း၊ အူလမ်းကြောင်းနဲ့ ဆက်စပ်ကျန်းမာရေးပြဿနာတွေ ပိုဖြစ်စေနိုင်ပါတယ်။ ✔၃။ ညမအိပ်ဘဲ မနေပါနဲ့။ ဘယ်အကြောင်းအရာကမှ ညမအိပ်ဖို့လောက်အထိ အရေးမကြီးပါဘူး။ လူတစ်ယောက်ဟာ တစ်နေကုန်ပင်ပန်းထားသမျှ ညဘက်ကောင်းစွာ အိပ်ပျော်နိုင်မှပဲ ကုန်သွားတဲ့အားအင်တွေကို ပြန်ဖြည့်ရင်း နောက်နေ့အတွက် လိုအပ်တဲ့ အားအသစ်တွေပါ ရရှိစေနိုင်မှာပါ။ ဒါ့အပြင် ညမအိပ်တဲ့အခါ လူတွေဟာ အစာပိုစားတတ်သလို အချို၊ အငန်လွန်ကဲတဲ့ မုန့်ပဲသရေစာတွေကို ပိုစားတတ်တာကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ ✔၄။ အိပ်ချိန်မှာ ဖုန်းမသုံးပါနဲ့။ အီလက်ထရောနစ်ပစ္စည်းတွေကနေ ထွက်လာတဲ့ အပြာရောင်အလင်းလှိုင်းဟာ မျက်လုံးထဲ ဝင်သွားတဲ့အခါ ညအိပ်ပျော်ဖို့ပိုခက်စေပြီး မျက်လုံးကြောင်သွားစေနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းသုံးတဲ့အခါ Social Media ပေါ်က စိတ်မချမ်းသာစရာတွေမြင်ပြီး ကိုယ့်စိတ်ကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် အိပ်ချိန်မှာ ဖုန်း၊ တီဗီ၊ ကွန်ပျူတာ အစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို မသုံးတာ အကောင်းဆုံးပါပဲ။ ✔၅။ ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။ တစ်နေ့တာမှာ Gym သွားပြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိရင်တောင် ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုခု လုပ်ပေးခြင်းဟာ အားအင်တွေကို သုံးစွဲပေးပြီး ကြွက်သားတွေအတွက် လှုပ်ရှားမှုဖြစ်စေတယ်၊ ချွေးကိုလည်း ပိုထွက်စေပြီး ကယ်လိုရီတွေ ပိုလောင်စေတယ်။ ဒီအခါ အားအင်ကုန်ခန်းသွားတာကြောင့် ညဘက်မှာ ကောင်းစွာအိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ အကယ်လို့ ကိုယ့်မှာ ဝါသနာပါတဲ့ အားကစားတစ်ခုခုရှိတယ်ဆိုရင်လည်း နေ့စဉ် ပုံမှန်လှုပ်ရှားမှုလုပ်ပေးနိုင်ပါတယ်။ ✔၆။ ကဖင်းဓာတ် နည်းပါစေ။ ကဖင်းဓာတ်ပါဝင်မှုများတဲ့ ရေနွေးကြမ်း၊ ကော်ဖီ၊ အအေးဖျော်ရည်တွေဟာ ညဘက်မှာ လူတွေရဲ့ ဦးနှောက်အာရုံကြောစနစ်ကို နိုးကြားစေပြီး အလွယ်တကူ အိပ်မပျော်စေတဲ့အတွက် မဖြစ်မနေ သောက်ပေးမယ်ဆိုရင်လည်း မနက်ဘက်၊ နေ့လယ်ဘက်တွေမှာပဲ သောက်ပေးပါ။ တစ်နေ့ကို တစ်ခွက်ထက် ပိုမသောက်ပါနဲ့။ ဒီအလေ့အကျင့်တွေကို သေချာလုပ်ပေးခြင်းဖြင့် ညဘက်မှာ ကောင်းစွာအိပ်ပျော်စေနိုင်သလို ကိုယ့်အတွက်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို တည်ဆောက်ဖန်တီးပေးရာ ရောက်ပါတယ်။ အကယ်လို့ ညအိပ်မပျော်တဲ့ ကျန်းမာရေးပြဿနာကို ခံစားနေရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။
အရသာကောင်းပေမယ့် အန္တရာယ်များလှတဲ့ အသင့်စား ခေါက်ဆွဲတွေအကြောင်း
အထုတ်လေးထဲကနေ လွယ်လွယ်ထုတ်၊ ရေနွေးလေးဖျောပြီး ခပ်မြန်မြန်စားလို့ရတဲ့ အသင့်စား ခေါက်ဆွဲပြုတ်လေးကို သိပ်ကြိုက်ကြတယ် ဟုတ်။ အရသာလေးကလည်းကောင်းလှတော့ ကလေးကအစ လူကြီးတွေအထိ အလွယ်တကူ စားမိနေတဲ့ ဒီခေါက်ဆွဲပြုတ်လေးတွေက ပြင်ဆင်စားသောက်ရတာ လွယ်ကူသလောက် ကျန်းမာရေးအတွက်တော့ အတော်လေး အဆင်မပြေလှပါဘူးနော်။ တာရှည်ခံဆေးတွေ နဲ့ အသွင်အပြင်လှလှပပ အရသာပြည့်ပြည့်ဝဝ ပြင်ဆင်ထားတဲ့ ခေါက်ဆွဲတွေက ချက်ခြင်းဆိုရင် သိပ်မသိသာပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးကို အတော်လေး ဆိုးကျိုးပေးနိုင်တာပါ။ အထူးသဖြင့် ကလေးတွေနဲ့ ဘယ်လိုမှ မသင့်လျော်ပါဘူး။ အသင့်စားခေါက်ဆွဲခြောက်တွေက ဘယ်လိုတွေများ ထိခိုက်စေနိုင်လဲဆိုတာ သိချင်ရင်တော့ ဒီစာလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်တော့နော်။ အာဟာရမပြည့်ဝရုံတင်မက ဓာတုဆေးဝါးတွေပါ ပါဝင်နေတတ်တဲ့ အသင့်စားခေါက်ဆွဲတွေက ဘယ်လိုမျိုး ကျန်းမာရေးကို ထိခိုက်စေသလဲဆိုရင်တော့ … ?အစာကြေ ခဲတယ် - အသင့်စားခေါက်ဆွဲတွေက ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူမှုကို အဟန့်အတား ဖြစ်စေရုံတင် မဟုတ်ဘဲ အစာကြေချက်မှု လုပ်ငန်းစဉ်ကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။ ကောင်းမွန်တဲ့ အစာကြေချက်မှု လုပ်ငန်းစဉ် ဖြစ်စေဖို့ အာဟာရဓာတ် နဲ့ သတ္တုဓာတ်များစွာ လိုအပ်ပါတယ်။ အမျှင်ဓာတ် လုံးဝမပါတဲ့ အသင့်စားခေါက်ဆွဲတွေက ဝမ်းချုပ်တဲ့ပြဿနာကို ခံစားရစေနိုင်ပါတယ်။ အစာအိမ် နဲ့ အူကို ထိခိုက်စေနိုင်ပါသေးတယ်။ ?အသည်း ထိခိုက်ပျက်စီးစေနိုင်တယ် - အသင့်စားခေါက်ဆွဲမှာပါတဲ့ အဆိပ်ရှိတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်တဲ့ Propylene Glycol က အသည်းရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေသလို အသည်း ပျက်စီးစေနိုင်ပါတယ်။ ?ကိုယ်ဝန် ပျက်ကျစေနိုင်ပါတယ် - ကိုယ်ဝန်ဆောင်တွေ အနေနဲ့ အသင့်စား ခေါက်ဆွဲတွေကို မစားသင့်ပါဘူး။ အကြောင်းကတော့ အသင့်စားခေါက်ဆွဲတွေမှာပါတဲ့ တာရှည်ခံ ပစ္စည်းတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တာကြောင့်ပါ။ ?ကျောက်ကပ် ပျက်စီးစေနိုင်တယ် - Propylene Glycol ပါဝင်နေမှုက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။ ?ခေါင်းကိုက် စေနိုင်တယ် - အချိုမှုန့်လို့ သိကြတဲ့ MSG ပါဝင်တာကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။ MSG ကခန္ဓာကိုယ်အတွက်ရော ဦးနှောက်အတွက်ပါ မကောင်းပါဘူး။ ?ဆီးချိုဖြစ်စေနိုင်တယ် - အရသာရှိအောင် ပြုပြင်ထုတ်လုပ်ထားတဲ့ အသင့်စားခေါက်ဆွဲမှာ အချိုဓာတ် ပါဝင်မှု မြင့်တာကြောင့် ဆီးချို ဖြစ်စေနိုင်ပါတယ်။ ?အမျိုးသမီးတွေမှာ ဟော်မုန်း ပြဿနာဖြစ်စေနိုင်တယ် - အမြဲလိုလို အသင့်စားခေါက်ဆွဲကို စားသုံးမယ်၊ အလွန်အကျွံစားသုံးမယ်ဆိုရင် ဆိုဒီယမ် ပါဝင်မှု များတာကြောင့် အမျိုးသမီးတွေမှာ ဟော်မုန်း ပြဿနာ ခံစားရနိုင်ပါတယ်။ ?အမျိုးသားတွေမှာ ကလေးရနိုင်စွမ်းကျစေတယ် - အသင့်စားခေါက်ဆွဲမှာ ဓာတုဗေဒ ပစ္စည်းတွေ များစွာပါဝင်နေပြီး အမျိုးသားတွေမှာ ကလေးရရှိနိုင်စွမ်း ကျဆင်းစေနိုင်ပါတယ်။ ?နှလုံးရောဂါ ခံစားရနိုင်တယ် - အသင့်စား ခေါက်ဆွဲမှာ ဗီတာမင် ပါဝင်မှုနည်းတာကြောင့် မကြာခဏ စားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်စေဖို့ အားပေးရာရောက်ပါတယ်။ ?ကင်ဆာ ဖြစ်စေနိုင်တယ် - အသင့်စားခေါက်ဆွဲ စားမယ်ဆိုရင် အပေါ်က ဓာတုပစ္စည်းတွေ ပါဝင်မှု ရှိမရှိ စစ်ဆေးပါ။ တာရှည်ခံစေဖို့ နဲ့ အရသာပြည့်ဝစေဖို့ အသင့်စားခေါက်ဆွဲမှာ ဖန်တီး ဖြည့်စွက်ထားတဲ့ ဓာတု ပစ္စည်းတွေက အချိန်ကြာမြင့်စွာ စားသုံးမယ်ဆိုရင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပြီး ကင်ဆာရောဂါ ဖြစ်စေတာမျိုး အထိ ဖြစ်နိုင်ပါတယ်။ ကဲ ဒီလောက်ဆိုရင် အသင့်စားခေါက်ဆွဲပြုတ်တွေက ဘယ်လောက်အထိ အန္တရာယ်ပေးနိုင်လဲဆိုတာကို သဘောပေါက်သွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ ကဲ အသင့်စားခေါက်ဆွဲပြုတ်တွေကို ချင့်ချင့်ချိန်ချိန်နဲ့ သတိထားပြီး စားကြနော် …
| ဆောင်းပါး | ရေးသားသူ | ရက်စွဲ | |
|---|---|---|---|
|
Admin
|
› | ||
|
Admin
|
› | ||
|
Admin
|
› | ||
ဘလူးဘယ်ရီ စားပေးရင်
အထွေထွေ |
Admin
|
› | |
အသက်ရှည်ချင်ရင် ကော်ဖီသောက်ပါ
အထွေထွေ |
Admin
|
› | |
|
Admin
|
› | ||
|
Admin
|
› | ||
|
Admin
|
› | ||
|
Admin
|
› | ||
|
Admin
|
› | ||
ဇက်ချိုးရင် အကြောပြေမှာလား
အထွေထွေ |
Admin
|
› | |
|
Admin
|
› |