အ​ထွေ​ထွေကျန်းမာ​ရေး

အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။

မြန်မာဆန်ဆန် လက်နဲ့အစားစားတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်

မြန်မာဆန်ဆန် လက်နဲ့အစားစားတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်

အစားအစာကို လက်နဲ့စားရမှ အားရတယ်ဆိုရင် စားသာစားပါလို့ ပြောပါရစေ။ ဘာကြောင့်ဒီလိုပြောရတာလဲ! လက်နဲ့စားရင် ပိုဝမှာလား၊ အစာခြေစနစ်ထဲကို ပိုးတွေ ရောက်သွားနိုင်ခြေ ပိုမများဘူးလားလို့ တွေးစရာ ရှိနိုင်ပါတယ်။ တကယ်ကတော့ လေ့လာမှုတွေအရသိရတာက လက်နဲ့ အစားစားတာက လေအောင့်တာမျိုး မဖြစ်အောင်နဲ့ အစားတွေ အများကြီးစားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းလေးကို ဆက်ပြီး ပြောပြပေးသွားပါမယ်။ မြန်မာဆန်ဆန် လက်နဲ့အစားစားတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ် လက်နဲ့ အစားစားတာက သဘာဝဆန်သလို ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြတဲ့ စားသောက်မှုနည်းလမ်းတစ်မျိုးပါ။ လက်နဲ့ အစားစားတာက သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိရတာက အစားကို ဖြည်းဖြည်းချင်း စားဖြစ်စေဖို့ ထောက်ကူပေးသလို အစာခြေဖျက်မှုမှာ ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ သေချာ သန့်စင်ဆေးကြောထားတဲ့ လက်နဲ့ အစားအစာတွေကို စားပေးတာက အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးသလို ကိုယ်ခံအား ကောင်းစေဖို့ပါ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းစေမယ် လက်နဲ့ ထမင်းစားတာ၊ အစားစားတာက စားသောက်မှုထဲမှာ လက်ချောင်းလေးတွေရော လက်က ကြွက်သားတွေပါ ပါဝင်လုပ်ဆောင်နေရတာ ဖြစ်တာကြောင့် လက်ချောင်းလေးတွေနဲ့ လက်ကြွက်သားတွေ၊ အဆစ်တွေ ဆီကို သွေးရောက်ရှိ လည်ပတ်မှုကောင်းစေပြီး ကျန်းမာစေဖို့ ထောက်ကူပေး ပါတယ်။ အစာကြေစေဖို့ ထောက်ကူပေးနိုင်တယ် လက်နဲ့ အစားစားတာက အစာခြေအင်ဇိုင်းတွေ ထွက်ရှိစေဖို့ ထောက်ကူပေးနိုင်သလို ပါးစပ်နဲ့ အစာအိမ်ထဲမှာ အစာချေဖျက်ဖို့အတွက် အစာခြေအက်ဆစ်တွေ ထွက်လာပါတယ်။ ဒီလိုထွက်လာတာက အစာတွေကို ကောင်းကောင်း ချေဖျက်နိုင်ဖို့အတွက် ထောက်ကူပေးနိုင်သလို လေပွတာ၊ ဗိုက်ကယ်တာ အင့်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အလွန်အကျွံ မစားဖြစ်စေဖို့ ထောက်ကူပေးနိုင်တယ် လက်နဲ့ ထမင်းစားတာက အစားအစာကို လက်နဲ့ထိတွေ့နေရတာကြောင့် စိတ်ကျေနပ်မှု ပိုရစေသလို အစားကိုလည်း အလွန်အကျွံ မစားဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အာရုံပြန့်လွှင့်မှု မရှိဘဲ အလွန်အကျွံ မစားမိဘဲ ကိုယ်အလေးချိန်ကို ထိန်းချင်တယ်ဆိုရင်တော့ လက်နဲ့ ထမင်းစားလို့ ရပါတယ်။ ရုတ်တရက် သွေးတွင်းသကြားဓာတ်မြင့်တက်တာမျိုး မဖြစ်ဖို့ ထောက်ကူပေးနိုင်တယ် လက်နဲ့ အစားစားတာက ခပ်မြန်မြန်စားမိတာမျိုးဖြစ်နိုင်ခြေနည်းတာကြောင့် ရုတ်တရက် သွေးတွင်းသကြား ဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆီးချိုအစောပိုင်း လက္ခဏာခံစားနေရသူတွေ အတွက် အများကြီး အထောက်အကူဖြစ်စေနိုင်တဲ့ အလေ့အထတစ်ရပ်ပါ။ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်တယ် လက်နဲ့ထမင်း အပါအဝင် အစားအစာတွေကို စားပေးတာက အရေပြား၊ ပါးစပ်နဲ့ အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေနဲ့ ထိတွေ့မိနိုင်ခြေနဲ့ အစားစားတဲ့အခါ လက်ထဲကနေ အကျိုးပြုဘက်တီးရီးယား လေးတွေက အစားအစာကနေ အူလမ်းကြောင်းထဲကို ရောက်ရှိသွားတာကြောင့် ရောဂါတွေ ကူးစက်ခံရတာ ကနေ ကာကွယ်ပေးသလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ လက်နဲ့ အစားစားတာရဲ့ အကျိုးကျေးဇူးတွေကို ကျန်းမာပြည့်ဝစွာနဲ့ ရရှိစေဖို့အတွက် အစားမစားခင်မှာ လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်ဆေးကြောလို့ စားသုံးပေးဖို့ လိုပါမယ်။ Lotoshinn ရဲ့ စကားလက်ဆောင် အစားစားတဲ့အခါ လက်ကို သေချာလေး သန့်စင်အောင် ဆေးကြောပြီး စားသောက်ပေးမယ်ဆိုရင် အစားစားတဲ့အခါ အာရုံပြန့်လွှင့်မှု နည်းပြီး အစားကိုသေချာလေး ဝါးစားဖြစ်စေဖို့ရော နောက်တစ်ခုက အင်ဇိုင်းတွေ ထွက်ရှိစေဖို့ပါ ထောက်ကူပေးနိုင်သလို အူလမ်းကြောင်းမှာ အကျိုးပြု ဘက်တီးရီးယားတွေ တိုးစေပြီး ကိုယ်ခံအားတက်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အစားအစာတွေကို စားခါနီးတိုင်းမှာ လက်ကို သေသေချာချာ ရေနဲ့ဆပ်ပြာသုံးပြီး သန့်စင်ဆေးကြောလို့ စားပေးကြဖို့ အကြံပြုချင်ပါတယ်။

စမုန်ဖြူ (Thyme)

စမုန်ဖြူ (Thyme)

စမုန်ဖြူဆိုတာက ဆေးဖက်ဝင် အပင်တစ်မျိုးပါ။ ရှေးခေတ် အီဂျစ်လူမျိုးတွေက စမုန်ဖြူကို ဝက်ခြံ သက်သာစေဖို့၊ ချွဲပျော်စေဖို့၊ ကူးစက်ရောဂါတွေကို သက်သာစေဖို့ အသုံးပြုခဲ့ကြပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ စမုန်ဖြူ (Thyme) က ဘယ်လိုတွေ ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ စမုန်ဖြူ (Thyme) ကောင်းကျိုးများ စမုန်ဖြူမှာ ဗီတာမင် A၊ ဗီတာမင် C၊ Copper၊ အမျှင်ဓာတ်၊ သံဓာတ်၊ မဂ္ဂနိတို့ပါဝင်နေပါတယ်။ အာဟာရ ကြွယ်ဝသလို ထူးခြားတဲ့ အရသာကြောင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် ယနေ့တိုင် အသုံးပြုနေကြတဲ့ စမုန်ဖြူက အခုလို ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ဝက်ခြံ သက်သာစေတယ် စမုန်ဖြူမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စမုန်ဖြူအဆီက ဝက်ခြံတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်တာကြောင့် အသားအရေ ကျန်းမာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ သွေးပေါင်ချိန် ထိန်းပေးနိုင်တယ် စမုန်ဖြူက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို နှလုံးကျန်းမာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ သွေးကျဆေး သောက်နေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပေးသင့်ပါတယ်။ သွေးတွင်းအဆီကျစေနိုင်တယ် စမုန်ဖြူကလည်း သွေးတွင်းအဆီကျစေဖို့ ထောက်ကူပေးနိုင်တာကြောင့် သွေးတွင်းအဆီများနေမယ်ဆိုရင်တော့ စမုန်ဖြူကို ဆေးဖြစ်ဝါးဖြစ် အနေနဲ့ သုံးလို့ ရပါတယ်။ ချောင်းဆိုးတာကို သက်သာစေနိုင်တယ် စမုန်ဖြူက အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပြီး ချောင်းဆိုးတာကို သက်သာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ လေပြွန်ရောင်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ကိုယ်ခံအားကောင်းစေတယ် စမုန်ဖြူက ကိုယ်ခံအားကောင်းစေဖို့အတွက်လည်း ထောက်ကူပေးနိုင်သလို ဖျားနာမှုတွေကို ကာကွယ်ပေးဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ပိုးသတ်ပေးနိုင်တယ် စမုန်ဖြူရဲ့ နောက်ထပ် အာနိသင် တစ်ခုက အနာတွေ ထိခိုက်ရှနာတွေကို ပိုးမဝင်စေဖို့အတွက် ပိုးသတ်ပေးနိုင် ပါတယ်။ ဘယ်လို အသုံးပြုလို့ရလဲ စမုန်ဖြူကို လတ်လတ်ဆတ်ဆတ်လည်း သုံးလို့ ရသလို အခြောက်ခံပြီးမှ သုံးလည်း ရပါတယ်။ အပွင့်နဲ့ ပွင့်ချပ်တွေထက် အရွက်လေးတွေနဲ့ အမြစ်ကိုလည်း သုံးပေးလို့ ရပါတယ်။ အသုံးပြုတဲ့အခါ ရေနွေးဆူဆူထဲကို ထည့်ပြီး သုံးလို့ ရပါတယ်။ သတိထားစရာ ဘေးထွက်ဆိုးကျိုးများ စမုန်ဖြူပင်က ဆေးဖက်ဝင်တဲ့ သဘာဝ အပင်တစ်မျိုးဖြစ်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်နေချိန်နဲ့ မိခင်နို့တိုက်ကျွေးနေရချိန်မှာ သွေးရောဂါ တစ်မျိုးမျိုးရှိနေတာ ခွဲစိတ်ကုသမှု ခံယူစရာ ရှိနေတာမျိုး ဓာတ်မတည့်ပြဿနာ ရှိနေတာမျိုး နာတာရှည် ရောဂါတွေ ရှိနေမယ်ဆိုရင် အသုံးမပြုသင့်ပါဘူး။ သဘာဝဆေးဖက်ဝင်တွေက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ရောဂါတွေအတွက် ဆေးနေရာမှာ အစားထိုး အသုံးပြုတာမျိုး မလုပ်ဖို့တော့ အကြံပြုချင်ပါတယ်။

ဆောင်းပါး
စမုန်ဖြူ (Thyme)
စမုန်ဖြူ (Thyme)

ဆေးဖက်ဝင်အပင်များ

လက်ဖက်စားရင် ကျန်းမာမှာလား!
လက်ဖက်စားရင် ကျန်းမာမှာလား!

ဆေးဖက်ဝင်အပင်များ

ဩဇာသီး (Custard Apple)
ဩဇာသီး (Custard Apple)

ဆေးဖက်ဝင်အပင်များ