အ​ထွေ​ထွေကျန်းမာ​ရေး

အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။

အပူအစပ် အစားများရင် ဘာဖြစ်မလဲ!

အပူအစပ် အစားများရင် ဘာဖြစ်မလဲ!

ပူပူစပ်စပ်လေးက ခံတွင်းတွေ့တယ်ဆိုပေမယ့် အပူအစပ်တွေ အရမ်းစားလွန်းမယ်ဆိုရင် အစာအိမ် အူလမ်းကြောင်း ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ ရင်ပူတာ၊ ဗိုက်အောင့်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အပူအစပ် အစားများရင် ဘာတွေဖြစ်နိုင်လဲ! ဘယ်သူတွေ သတိထားဖို့ လိုမလဲ! ဆိုတာကို ဝေမျှပေးချင်ပါတယ်။ အပူအစပ် အစားများရင် ဘာဖြစ်မလဲ! နေ့စဉ်စားသုံးမှုမှာ ပူပူစပ်စပ်တွေကို အစားများမယ်။ အပူအစပ်တွေ အရမ်းစားမယ်ဆိုရင် အဓိက ထိခိုက်နိုင်တဲ့ အစိတ်အပိုင်းက အစာအိမ်အူလမ်းကြောင်းပါ။ တိတိကျကျ ပြောပြရမယ်ဆိုရင် အပူအစပ် အစားများတာက - ရင်ပူတာကို ဖြစ်စေနိုင်တယ် အစပ်တွေ စားတာက အစာခြေအက်ဆစ်တွေထွက်ရှိမှု များစေပြီး အစာရေမြိုဆီကို အက်ဆစ်ပြန်ဆန်တက်တာ ကို ဖြစ်စေပြီး ရင်ပူတာကို ဖြစ်စေနိုင်ပါတယ်။ အက်ဆစ်ပြန်ဆန်တက်တာကို ဖြစ်စေနိုင်တယ် အပူအစပ်တွေ အစားများတာကလည်း အစာအိမ်ထဲက အက်ဆစ်တွေကို အစာရေမြိုဆီကို ပြန်ဆန်တက်စေပြီး အစာရေမြိုနံရံတွေကို ထိခိုက်စေနိုင်ပါတယ်။ ဗိုက်အောင့်မယ် အပူအစပ် အစားများတာက အစာအိမ်နံရံတွေကို ထိခိုက်ပျက်စီးစေပြီး ဗိုက်အောင့်တာ၊ ဗိုက်ရစ်နာတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဝမ်းပျက်မယ် အပူအစပ်တွေက အူတွေရဲ့ လှုပ်ရှားမှုကို ဟန်ချက်ပျက်စေပြီး ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး ဖြစ်စေနိုင်ပါတယ်။ ခေါင်းကိုက်စေနိုင်တယ် အစပ်ကဲတဲ့ အစားအစာတွေက ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေကို ကျုံ့စေပြီး ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်စေနိုင်တယ် အိပ်ခါနီးမှာ အပူအစပ်တွေ စားတာက အစာအိမ်ထဲမှာ လေတွေပွစေပြီး ကောင်းကောင်းအိပ်ပျော်ဖို့ ခက်တာမျိုး ခံစားရစေနိုင်ပါတယ်။ အသက်ရှူဖို့ ခက်တာမျိုး ဖြစ်စေနိုင်တယ် ဖြစ်ခဲပေမယ့် အစပ်အစားများတာက အသက်ရှူဖို့ ခက်တာမျိုးကို ခံစားရနိုင်ပါတယ်။ ဘယ်သူတွေ သတိထားဖို့ လိုမလဲ! နှလုံးရောဂါ အပါအဝင် နာတာရှည် ကျန်းမာရေးပြဿနာ တစ်ရပ်ရပ် ခံစားနေရတာမျိုး ရှိမယ်ဆိုရင်လည်း အရမ်းစပ်တာတွေကို စားတဲ့အခါ ရှိရင်းစွဲ ကျန်းမာရေးအခြေအနေတွေကို ပိုဆိုးစေနိုင်တာကြောင့် အများကြီး မစားဖို့ အကြံပြုချင်ပါတယ်။ တကယ်လို့ အစပ်တွေ စားပြီးချိန်မှာ ပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။ Lotoshinn ရဲ့ စကားလက်ဆောင် အပူအစပ်တွေကို အလွန်အကျွံစားတာက အစာအိမ်အူလမ်းကြောင်းအပါအဝင် ကိုယ်တွင်းအင်္ဂါ တော်တော်များ များကို ထိခိုက်စေနိုင်တာကြောင့် အများကြီး မစားဖို့လိုပါမယ်။ အစပ်စားတဲ့အခါမှာလည်း ငရုတ်သီး အခြောက်မှုန့်တွေအစား ငရုတ်သီးစိမ်းတွေကို စားပေးတာက ပိုပြီး ကျန်းမာရေးနဲ့ သင့်တော်ပါတယ်။

ခါးနာစေနိုင်တဲ့ နေ့စဉ် အလေ့အထ အလွဲလေးများ

ခါးနာစေနိုင်တဲ့ နေ့စဉ် အလေ့အထ အလွဲလေးများ

ခါးနာလိုက်တာဆိုတဲ့ စကားလုံးက အခုနောက်ပိုင်းမှာ လူကြီးပိုင်းတွေနဲ့ပဲ သက်ဆိုင်တာမျိုး မဟုတ်တော့ဘဲ လူလတ်ပိုင်းတွေမှာပါ ခါးနာတာကို တော်တော်လေး အတွေ့ရများလာပါတယ်။ ဒါကလည်း နေ့စဉ်နေထိုင်မှု ပုံစံတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ခါးနာစေနိုင်တဲ့ နေ့စဉ် အလေ့အထ အလွဲလေးများကို သိရှိ ဆင်ခြင်နိုင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်။ ခါးနာစေနိုင်တဲ့ နေ့စဉ် အလေ့အထ အလွဲလေးများ ခါးနာတာက အတော်လေး ခံရခက်သလို အရမ်းပြင်းထန်မယ်ဆိုရင်တော့ ခါးနာတာက နေ့စဉ်ဘဝမှာ အတော်ကို အနှောင့်အယှက်ဖြစ်စေတာ အမှန်ပါ။ ဒီလိုမျိုး အလုပ်ပျက်ပြီး နေရခက်စေတဲ့ ခါးနာကို ဖြစ်စေနိုင်တဲ့ နေ့စဉ် လုပ်ဆောင်မိနေတဲ့ အလေ့အထတွေကတော့ - အထိုင်များတာ အထိုင်များတာက ကိုယ်လက်လှုပ်ရှားမှု နည်းစေပြီး ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ အထိုင်များတဲ့ နေ့စဉ်နေထိုင်မှု ဘဝပုံစံက နာတာရှည် ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်နေဟန်ထား မမှန်တာ ထိုင်နေချိန်မှာပဲ ဖြစ်ဖြစ် မတ်တတ်ရပ်နေချိန်မှာပဲဖြစ်ဖြစ် ကိုယ်နေဟန်ထား မမှန်တာက ခါးနာတာကို ဖြစ်စေပြီး အမြဲလိုလို ကိုယ်နေဟန်ထား မမှန်တာမျိုး ဖြစ်မယ်ဆိုရင်တော့ နာတာရှည် ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန် များနေတာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာ၊ အဝလွန်နေတာကလည်း ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ လိုပါမယ်။ လေးလံတဲ့ အိတ်တွေသယ်တာ လေးလံတဲ့ ကျောပိုးအိတ် အပါအဝင် လေးလံတဲ့ အိတ်တွေကို အမြဲလိုလို သယ်နေတဲ့သူတွေမှာလည်း ခါးနာတာကို ခံစားရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားတာ နေ့စဉ်စားသုံးမှုတွေထဲမှာ ပြုပြင်ထားတဲ့ အစားအစာတွေ၊ သကြားတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေ ပါဝင်မှု များနေတာကလည်း ကိုယ်တွင်းမှာ ရောင်ရမ်းမှုတွေကို ဖြစ်စေပြီး ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိတာ နေ့စဉ်တိုင်းမှာ ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာကလည်း အကြောတွေ ကြွက်သားတွေကို တောင့်တင်းစေပြီး ခါးနာတာ အပါအဝင် ကြွက်သားနာတာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အလေးအပင် မတာ အလေးအပင်တွေ မတဲ့အခါ ကိုယ်နေဟန်ထား မှန်မှန်နဲ့ မမတာကလည်း ခါးကြောမျက်တာ အပါအဝင် ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု များတာ အမြဲလိုလို စိတ်ဖိစီးမှုများတာက ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာ အပေါ်မှာပါ သက်ရောက်မှု ဖြစ်စေပြီး ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးတာက နာတာရှည် နာကျင်ကိုက်ခဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာ ဆေးလိပ်သောက်တာက ကျောရိုးဆီကို အာဟာရရောက်ရှိမှု နည်းစေပြီး အရိုးပွတာ၊ အရိုးဆစ်ပြားတွေ ထိခိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကပဲ ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင် ခါးနာတာက အတော်လေး နေရခက်စေပြီး စိတ်ပင်ပန်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်တိုင်းမှာ အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာ၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ ဆေးလိပ်ဖြတ်တာ၊ အရက်ဖြတ်တာတွေ လုပ်ပြီး အထိုင်များတာကိုလည်း လျှော့ချပြီး ခါးနာတာတွေ မဖြစ်အောင် ကာကွယ်လိုက်ပါ။  

ဆောင်းပါး