အထွေထွေကျန်းမာရေး
အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။
သပြေသီးမှည့် စားကောင်းရုံပဲလား!
သပြေသီးမှည့်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။ သွေးတွင်းအဆီကျစေနိုင်တယ် ပိုးသေစေနိုင်တယ် သွေးတွင်းသကြားဓာတ်ထိန်းညှိပေးနိုင်တယ် အစာအိမ်ကျန်းမာစေနိုင်တယ် အသည်းကျန်းမာစေနိုင်တယ် ကင်ဆာကာကွယ်ပေးတယ် ဆီးချိုကာကွယ်ပေးတယ် လိပ်ခေါင်းသက်သာစေတယ် ဝမ်းပျက်ဝမ်းလျှောသက်သာစေတယ် ဝမ်းမှန်စေတယ် လည်ချောင်းနာသက်သာစေတယ် နာကျင်ရောင်ရမ်းမှု သက်သာစေတယ်။ ဆရာကြီး မင်းသုဝဏ်ရေးထားတဲ့ “ ဝါဆိုဝါခေါင် ရေတွေကြီးလို့…သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက …မျှော့နက် မည်းကြီး တွယ်တတ်တယ်။ မျှော့ နက်ဆိုတာ ချိုနဲ့လားကွဲ့…မြွေနဂါးတောင် ကြောက်ဖူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့… အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ်…သွားကွယ် ” ဆိုတဲ့ ကဗျာစာသားထဲက သပြေသီးမှည့်လေးက စားကောင်းတယ်ဆိုတာကို သိထားပြီ ဖြစ်ပေမယ့် ကျန်းမာရေးအတွက်ရော ဘယ်လို ထောက်ကူပေးလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ သပြေသီးမှည့် ဆိုတာ သပြေသီးမှည့်ဆိုတာက သပြေပင်ရဲ့ အသီးပါ။ သပြေပင်ဆိုတာက အစေ့၊အရွက်၊အသီး၊အခေါက်အားလုံး ဆေးဖက်ဝင်တဲ့ အပင်မျိုးပါ။ အရောင်က ခရမ်းရောင်စိုစိုလေးပေါ့။ မိုးဦးကျကာလက သပြေသီးပေါ်တဲ့ အချိန်ပါ။ သပြေပင်က အပင်ကြီးမျိုးရင်းဝင်ဖြစ်ပြီး အမြင့်ပေ ၃၀လောက်ထိမြင့်တတ်ကြပါတယ်။ အပူပိုင်းနဲ့ သမပိုင်းဇုံတွေမှာ အများအပြားပေါက်ရောက်တတ်ကြပါတယ်။ အိန္ဒိယမျိုးရင်းပင်တစ်မျိုးပါ။ ရုတ်တရက်ကြည့်လိုက်ရင် စပျစ်သီးရှည်ရှည်လေးတွေနဲ့တောင် ခပ်ဆင်ဆင်ပါ။ သပြေသီးမှည့်ကနေ ရရှိနိုင်တဲ့ အာဟာရဓာတ်များ သပြေသီးမှည့်လေးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အမျှင်ဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ပရိုတင်း၊ ရေဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ သီရာမင်း၊ ဗီတာမင် Cတို့ ပါဝင်နေပါတယ်။ သပြေသီးမှည့် စားကောင်းရုံပဲလား! သပြေသီးမှည့်က စားကောင်းရုံပဲဆိုတာထက် ပိုပြီး ကျန်းမာရေးအတွက်ပါ အခုလို အထောက်အကူ ပြုပေးပါတယ်။ သွေးတွင်းကိုလက်စထရောကျစေနိုင်တယ် သပြေသီးမှည့်မှာ ဖလေဗာနွိုက်ပါဝင်တာကြောင့်သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။ ပိုးတွေသေစေနိုင်တယ် ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားအပါအဝင် ခန္ဓာကိုယ်ကိုရောဂါပိုးတွေ ကူးစက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ် သပြေသီးက ပန်ကရိယကို ကျန်းမာစေနိုင်တာကြောင့် အင်ဆူလင် ထွက်ရှိမှုကို တိုးစေနိုင်ပြီးသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။သွေးတွင်းသကြားဓာ တ်ကျတတ်သူတွေအတွက်တော့ နည်းနည်းလောက်ပဲ စားသင့်ပါတယ်။ အစာအိမ်ကျန်းမာစေနိုင်တယ် အစာအိမ်အက်ဆစ်ထွက်များတဲ့သူတွေ၊ အစာအိမ်အနာရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ အစာအိမ်ရောဂါရှိသူတွေ စားပေးသင့်တဲ့ သဘာဝဓာတ်စာပါ။ အသည်းကျန်းမာစေနိုင်တယ် သပြေသီးမှာပါတဲ့ အင်ဇိုင်းတွေက အသည်းကို ကျန်းမာစေနိုင်ပါတယ်။ အသည်းကြီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာကာကွယ်ပေးတယ် အထူးသဖြင့် သပြေသီးမှည့်က ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ သပြေသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ ဆီးချိုကာကွယ်ပေးတယ် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုကာကွယ်ဖို့အတွက် စားပေးလို့ရသလို ကုသမှုတစ်ရပ်အနေနဲ့လည်း စားပေးလို့ရပါတယ်။ လိပ်ခေါင်းသက်သာစေနိုင်တယ် မနက်ခင်းတိုင်းမှာ သပြေသီးမှည့်ကို ဆားလေးနဲ့ တို့စားပေးမယ်ဆိုရင် လိပ်ခေါင်းကိုသက်သာစေနိုင်မှာပါ။ ပျားရည်လေးနဲ့ တွဲစားပေးလို့လည်းရပါတယ်။ ဝမ်းပျက်ဝမ်းလျှောသက်သာစေနိုင်တယ် ဝမ်းပျက်နေတဲ့အခါ သပြေသီးမှည့်အစေ့ကို ကြိတ်ခြေလို့နို့နဲ့သောက်ပေးရင် ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်တယ် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်တာကြောင့် သင့်တင့်ရုံစားပေးရင် ဝမ်းမှန်စေမှာပါ။ အများကြီးစားရင်တော့လေချုပ်နိုင်တာကြောင့် သတိထားစေချင်ပါတယ်။ လည်ချောင်းနာတာ သက်သာစေတယ် ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ် အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းတာအပါအဝင် ခန္ဓါကိုယ် အစိတ်အပိုင်းတွေမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ https://lotoshinnlifestyle.com/health-benefits-of-peperomia-pellucida/ ဒီအချက်လေးတွေ သတိထားပေးပါ သပြေသီးက သင့်တင့်ရုံစားရင် ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် အများကြီး စားမယ်ဆိုရင်တော့ သွေးတွင်းအချိုဓာတ်ကျတာ၊ လေချုပ်တာ၊သွေးကျဲတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဘယ်သူတွေ မစားသင့်ဘူးလဲ သပြေသီးက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မေမေတွေ၊ ဆီးချိုရှိသူတွေ၊ ခွဲစိတ်ခံမယ့်လူနာတွေအနေနဲ့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ စားသင့်ပါတယ်။ သိပ္ပံနည်းကျ ထပ်မံလေ့လာဖို့ လိုသေးတဲ့အပြင် ဓာတုဗေဒနည်းအရ သန့်စင်ထားတာ မဟုတ်ရင် ခန္ဓာကိုယ်ကို ဘေးဖြစ်စေနိုင်တာကြောင့်ပါ။
အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်းပင် ဆေးဖက်ဝင်သလား!
ကျောက်သင်ပုန်း ရွက်လေးတွေက အခုလိုဆေးဖက်ဝင်ပါတယ်။ ကင်ဆာတိုက်ဖျက်ပေးနိုင်တယ် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ် ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ် အဆစ်ရောင်နာကို သက်သာစေနိုင်ပါတယ် သွေးတွင်း ယူရစ်အက်ဆစ်ကို ကျစေနိုင်တယ် စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။ အရွက်လေးက ခပ်ထူထူလေးနဲ့ မြေလျှောက်ပင်လေးလိုမျိုး မြေကြီးမှာ ကပ်ပေါက်နေတဲ့ ကျောက်သင်ပုန်းပင်လေးကို ငယ်ငယ်က ကစားဖို့ အရွက်လေးတွေ ခူးရင်းမြင်ဖူးကြမှာပါ။ ကျောက်သင်ပုန်း ဖျက်ဖို့အတွက် သုံးလို့ရတယ်လို့ ပြောတာကြားဖူးမှာပေါ့။ ဒီအရွက်လေးတွေက ကျောက်သင်ပုန်းဖျက်လို့ရတယ်ဆိုတာထက် ပိုတဲ့ အာနိသင်တွေ ရှိနေတယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။ ကျောက်သင်ပုန်းပင်ဆိုတာက ကျောက်သင်ပုန်းပင်ဆိုတာက မြေလျှောက်ပြီး အလေ့ကျပေါက်တတ်တဲ့ အပင်လေးတစ်မျိုးပါ။ အရွက်က ပြောင်ပြောင်လေးနဲ့ ကွမ်းရွက်ပုံလေးပါ။ ရိုးတံလေးမှာ အစေ့လေးတွေ ကပ်နေသလိုမျိုး ရိုးတံလေးနဲ့ အရွက်ပြောင်ပြောင်လေးတွေ ဘေးတစ်ဖက်တစ်ချက်စီမှာ ထွက်နေတတ်ပါတယ်။ နတ်သမီးကွမ်းရွက်လို့လည်း ခေါ်လေ့ရှိကြပါတယ်။ ကျောက်သင်ပုန်းရွက်က စားလို့ရပါတယ်။ ပူဒီနာတို့ ဇီယာရွက်တို့လို ပူရှိန်းရှိန်းလေးပါ။ မုန်လာဥဖြူ လိုမျိုး အရသာလည်း ရှိပါတယ်။ မစားခင်မှာ ရေ သေချာ စင်အောင် ဆေးဖို့တော့ လိုပါတယ်။ အသုပ်တွေထဲမှာ ထည့်စားလို့လည်း ရပါတယ်။ အရှေ့တောင်အာရှဒေသမှာ ပေါက်ရောက်မှု များပါတယ်။ https://lotoshinnlifestyle.com/health-benefits-of-rauwolfia-serpentina/ အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်းပင် ဆေးဖက်ဝင်သလား! အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်းပင် ဆေးဖက်ဝင်သလား! ဆိုတော့ ကျောက်သင်ပုန်း ရွက်လေးတွေက အခုလို ဆေးဖက်ဝင်ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ် ကျောက်သင်ပုန်းရွက် မှာပါတဲ့ P.Pellucida က ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ် ကျောက်သင်ပုန်းရွက် မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်က free radicalsတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ် ကျောက်သင်ပုန်းပင်မှာပါတဲ့ patuloside A လို့ ခေါ်တဲ့ ဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ရောဂါပိုးတွေ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ အဆစ်ရောင်နာကို သက်သာစေနိုင်ပါတယ် အဆစ်အမြစ်ရောင်သူတွေ အနေနဲ့ ကျောက်သင်ပုန်းရွက်ကို ကျိုသောက်ပေးမယ် ဆိုရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ နီးပါး သက်သာစေတာကို တွေ့ရမှာပါ။ ဒူးနာသူတွေအတွက်လည်း သင့်တော်ပါတယ်။ သွေးတွင်း ယူရစ်အက်ဆစ်ကို ကျစေနိုင်တယ် ကျောက်သင်ပုန်းပင်က သွေးတွင်းယူရစ်အက်ဆစ် ကျချင်သူတွေ စားပေးသင့်တဲ့ သဘာဝ ဆေးတစ်မျိုးပါ။ ကျောက်သင်ပုန်းရွက် မှာပါတဲ့ allopurinol က သွေးတွင်း ယူရစ်အက်ဆစ် ပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ် ကျောက်သင်ပုန်းပင်လေးက စိတ်ဓာတ်ကျဝေဒနာခံစားနေရသူတွေအတွက် အဆင်ပြေပါတယ်။ စိတ်ကျန်းမာစေဖို့အတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုးလို့ ဆိုလို့ရပါတယ်။ ဘယ်သူတွေ မသုံးစွဲသင့်ဘူးလဲ အလေ့ကျပေါက်တဲ့ ကျောက်သင်ပုန်းပင်လေးက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစေတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ၊ နို့တိုက်မေမေနဲ့ ကျောက်သင်ပုန်းပင် နဲ့ ဓာတ်မတည့်သူတွေ၊ ရောဂါအခံရှိသူတွေကတော့ မစားသင့်ပါဘူး။ သိပ္ပံနည်းကျ ထပ်မံလေ့လာဖို့ လိုသေးတဲ့အပြင် ဓာတုဗေဒနည်းအရ သန့်စင်ထားတာ မဟုတ်ရင် ခန္ဓာကိုယ်ကို ဘေးဖြစ်စေနိုင်တာကြောင့်ပါ။
| ဆောင်းပါး | ရေးသားသူ | ရက်စွဲ | |
|---|---|---|---|
သပြေသီးမှည့် စားကောင်းရုံပဲလား!
ဆေးဖက်ဝင်အပင်များ |
Admin
|
15.07.2025
|
› |
အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်းပင် ဆေးဖက်ဝင်သလား!
ဆေးဖက်ဝင်အပင်များ |
Admin
|
15.07.2025
|
› |
|
Admin
|
13.07.2025
|
› | |
|
Admin
|
10.07.2025
|
› | |
|
Admin
|
05.07.2025
|
› | |
ဗီတာမင် K (Vitamin K)
အထွေထွေ |
Admin
|
05.07.2025
|
› |
ဗီတာမင် D (Vitamin D)
အထွေထွေ |
Admin
|
05.07.2025
|
› |
ဗီတာမင် B (Vitamin B)
အထွေထွေ |
Admin
|
05.07.2025
|
› |
ဗီတာမင် C (Vitamin C)
အထွေထွေ |
Admin
|
05.07.2025
|
› |
ဗီတာမင် A (Vitamin A)
အထွေထွေ |
Admin
|
01.07.2025
|
› |
Autism (အော်တစ်ဇင်)
အထွေထွေ |
Admin
|
01.07.2025
|
› |
အသည်းအဆီဖုံးတာကို သဘာဝအတိုင်း သက်သာစေမယ့် သစ်သီးလေးများ
ဆေးဖက်ဝင်အပင်များ |
Admin
|
01.07.2025
|
› |