အထွေထွေကျန်းမာရေး
အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။
ချိုင်းချွေးနံ့နံတာကို သက်သာစေဖို့ ဘာလုပ်ရမလဲ!
တစ်နေ့တာ အလုပ်တွေကို လုပ်ဆောင်ရင်း ချိုင်းမှာ ချွေးတွေ အရမ်းထွက်တာ၊ ချိုင်းချွေးနံ့နံတာတွေကြောင့် အတော်လေး စိတ်ညစ်နေပြီလား! ဒါဆိုရင်တော့ တစ်နေ့တာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထိခိုက်စေနိုင်တဲ့ ချိုင်းချွေးနံ့နံတာက ဘာကြောင့် ဖြစ်ရတာလဲဆိုတာနဲ့ ဘယ်လိုနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ရမလဲဆိုတာတွေကို ပြောပြပေးချင်ပါတယ်။ ချွေးထွက်များပြီး ချိုင်းချွေးနံ့နံတာက ဘာကြောင့်ဖြစ်ရတာလဲ! ချိုင်းချွေးနံ့နံတာက ချွေးဂလင်းတွေကနေ ထွက်လာတဲ့ ချွေးတွေက ချိုင်းအရေပြားပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့မိပြီး ချွေးနံ့တွေ ဖြစ်လာရတာပါ။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်တာ၊ ရာသီဥတု ပူပြင်းတာ၊ စိတ်ဖိစီးမှု များနေတာ၊ အချို့သော ကျန်းမာရေးအခြေအနေတွေနဲ့ သိုင်းရွိုက်လုပ်ဆောင်မှု အရမ်းများနေတာတွေကြောင့် ချိုင်းချွေးနံ့နံတာကို ဖြစ်စေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်တာ၊ ကာယအားသုံးပြီး အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ဆောင်ရတာက ချွေးတွေကို ပုံမှန်ထက် ပိုထွက်စေပြီး ချိုင်းချွေးနံ့နံတာကို ဖြစ်စေနိုင်ပါတယ်။ ရာသီဥတု ပူလွန်းတာ ရာသီဥတု ပူလွန်းတာ၊ စိုးထိုင်းဆ များနေတာတွေက ကိုယ်အပူချိန်ကို မြင့်တက်စေပြီး ချိုင်းချွေးနံ့နံတာကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ ဟော်မုန်းတွေက ချွေးဂလင်းတွေကို လှုံ့ဆော်ပေးပြီး ချွေးထွက် များစေပြီး ချိုင်းချွေးနံ့နံတာကို ဖြစ်စေနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲမှု ဖြစ်နေတာ ကိုယ်တွင်းဟော်မုန်းတွေကို မြင့်တက်စေနိုင်တဲ့ အပျိုဖော်ဝင်တာ၊ သွေးဆုံးတာ၊ ရာသီလာတာလိုမျိုး အခြေအနေတွေက ဟော်မုန်းပြောင်းလဲတာကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကပဲ ချွေးထွက်များစေပြီး ချိုင်းချွေးနံ့နံတာကို ဖြစ်စေနိုင်ပါတယ်။ အချို့သော အစားအစာတွေ ပူလွန်းစပ်လွန်းတဲ့ အစားအစာတွေ၊ ကဖင်းပါတဲ့ သောက်စရာတွေ၊ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ၊ အချိုမှုန့် အစားများတာက ချွေးဂလင်းတွေကို လှုံ့ဆော်ပေးပြီး ချွေးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေး အခြေအနေတွေ သိုင်းရွိုက် အလုပ်အရမ်းလုပ်နေတာ - သိုင်းရွိုက်က ပုံမှန်ထက် အလုပ်ပိုလုပ်နေပြီး ဇီဝကမ္မဖြစ်စဉ်တွေနဲ့ ချွေးထွက်တာကို ဖြစ်စေဖို့ လှုံ့ဆော်ပေးနေပါတယ်။ ဆီးချိုရောဂါ ရှိနေတာ - သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ဘေးထွက်ဆိုးကျိုးအနေနဲ့ ချွေးအရမ်းထွက်တာကို ဖြစ်စေနိုင်ပြီး ချွေးနံ့နံတာကို ဖြစ်စေနိုင်ပါတယ်။ ကူးစက်ရောဂါ ခံစားနေရတာ - ကူးစက်နိုင်တဲ့ အချို့သော ရောဂါတွေက အဖျားဝင်စေနိုင်သလို ချွေးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ အခြားသော အခြေအနေတွေ - ကင်ဆာ၊ အာရုံကြောစနစ် ပုံမှန်အခြေအနေ မဟုတ်တာ၊ အခြားသော ကျန်းမာရေး အခြေအနေတွေကလည်း ချွေးအရမ်းထွက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆေးဝါးတွေ စိတ်ကျရောဂါကို သက်သာစေနိုင်တဲ့ ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ ဟော်မုန်းကုထုံးတွေက ချွေးအရမ်းထွက်စေတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံတွေ အဝတ်အစားကျပ်ကျပ်တွေ ဝတ်တာ - အဝတ်အစားတွေကို ကျပ်ကျပ်တွေ ဝတ်တာက အပူလုံစေပြီး ချွေးထွက်များတာကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာ - ဆေးလိပ်မှာပါတဲ့ နီကိုတင်းက ချွေးထွက်များတာကို ဖြစ်စေနိုင်ပါတယ်။ အခြားသော အကြောင်းအရင်းများ မျိုးဗီဇ - အချို့သောသူတွေမှာ ချွေးထွက်များတာက မျိုးရိုးလိုက်တာကြောင့်ပါ။ ညဘက်မှာ ချွေးစေးပြန်တာ - ဟော်မုန်းပြောင်းလဲတာ၊ အိပ်စက်မှု မူမမှန်တာ နဲ့ ပိုးဝင်ကူးစက်မှုတွေကြောင့် ညဘက်မှာ ချွေးစေးပြန်ပြီး ချိုင်းချွေးထွက်များတာကို ဖြစ်စေနိုင်ပါတယ်။ ချိုင်းချွေးနံ့နံတာကို သက်သာစေဖို့ ဘာလုပ်ရမလဲ! ချိုင်းချွေးနံ့နံတာကို သက်သာစေဖို့ဆိုရင်တော့ - တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလေး ဂရုစိုက်တာက အရေပြားပေါ်မှာ အနံ့ဆိုးဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးရာ ရောက်သလို အနံ့ဆိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးရာ ရောက်ပါတယ်။ တစ်နေ့ကို (၂) ကြိမ် ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဆပ်ပြာနဲ့ ရေချိုးပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ ချွေးနံ့ပျောက်ဆေး သုံးပါ ချွေးနံ့ပျောက်ဆေး သုံးပေးတာက ချိုင်းချွေးနံ့နံတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပေးပါ လေဝင်လေထွက်ကောင်းစေဖို့ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပေးတာ ချွေးစုပ်တဲ့ ချည်သားတွေကို ဝတ်ဆင်ပေးတာက ချိုင်းချွေးနံ့နံတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ချိုင်းမွေးတွေကို ဖယ်ရှားပေးပါ ချိုင်းမွေးတွေကို ပုံမှန်လေး ဖယ်ရှားပေးတာက တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရာရောက်သလို ချိုင်းချွေးထွက်များတာကိုရော ချိုင်းချွေးစော်နံတာကိုပါ သက်သာစေမှာပါ။ စိတ်ဖိစီးမှု ဖြေလျော့ပါ စိတ်ဖိစီးမှု များတာက ချိုင်းချွေးနံ့ကို နံစေနိုင်တာကြောင့် စိတ်ဖိစီးမှု ပြေလျော့စေဖို့ ယောဂလေ့ကျင့်တာ၊ ဝင်လေထွက်လေမှတ်တာမျိုးတွေ လုပ်ပေးဖို့လည်း လိုပါမယ်။ ဘယ်လို အခြေအနေဆို ဆရာဝန်ပြရမလဲ! ချိုင်းချွေးထွက်တာကို သက်သာစေမယ့် နည်းလမ်းတွေ ချွေးနံ့နံတာကို သက်သာစေဖို့ ဂရုစိုက် လုပ်ဆောင်နေပေမယ့် ချိုင်းချွေးထွက်များတာ၊ ချိုင်းချွေးနံ့နံတာက မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပြီး လိုအပ်တဲ့ ကုထုံးကို ခံယူဖို့ လိုပါမယ်။ Lotoshinn ရဲ့ စကားလက်ဆောင် ချိုင်းချွေးနံ့နံတာက အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်တာမို့ ကိုယ်တိုင်မှာ ဘယ်လို အလေ့အကျင့်တွေ လုပ်မိနေလဲဆိုတာကို ဆန်းစစ်ဆင်ခြင်ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း သေချာ ဂရုစိုက်မယ်ဆိုရင် တစ်နေ့တာ လုပ်ဆောင်မှုတွေကို ချိုင်းချွေးနံ့နံနေမလားဆိုတဲ့ စိုးရိမ်စိတ်ကင်းကင်းနဲ့ လုပ်ဆောင်နိုင်မှာပါ။
အမျိုးသမီးတွေ ထိပ်ပြောင်နိုင်လား!
ထိပ်ပြောင်တယ်လို့ ပြောလိုက်ရင် အမျိုးသားတွေပဲ ဖြစ်တာ၊ ထိပ်ပြောင်တယ်ဆိုတာ အမျိုးသားတွေနဲ့ပဲ ဆိုင်တဲ့ကိစ္စလို့ယူဆနေတုန်းပဲလား! ဒါဆိုရင်တော့ ထိပ်ပြောင်တာက လေဒီလေးတွေမှာလည်း ဖြစ်နိုင်တာမို့ ဘယ်လိုအခြေအနေတွေက ထိပ်ပြောင်တာကို ဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အမျိုးသမီးတွေ ထိပ်ပြောင်နိုင်လား! လေဒီလေးတွေလည်း ထိပ်ပြောင်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အသက်အရွယ်ရလာမှ မဟုတ်ပါဘူး။ ငယ်ရွယ်ချိန်မှာလည်း ဆံပင်ပါးတာ၊ ထိပ်ပြောင်တာမျိုးတွေကို တွေ့ကြုံခံစားရနိုင်ပါတယ်။ အသက်အရွယ်ရ လာချိန်မှာတော့ အမျိုးသမီးတွေမှာ ထိပ်ပြောင်နိုင်ခြေက ပိုများတာပေါ့။ ဒါပေမယ့်လည်း အပျိုဖော်ဝင်ပြီးစ အချိန် အသက် ၂၀ ကျော် ကနေ ၃၀ ဝန်းကျင်လောက်ကစပြီး ထိပ်ပြောင်တာကို ခံစားရနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ဘယ်လို အကြောင်းအရင်းတွေကြောင့် ထိပ်ပြောင်ရတာလဲ! လေဒီလေးတွေမှာ ထိပ်ပြောင်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမက ရှိနိုင်ပါတယ်။ မျိုးရိုးလိုက်တာ - လေဒီလေးတွေမှာ ထိပ်ပြောင်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ် ကတော့ မျိုးရိုးလိုက်တာပါ။ မိသားစုဝင် တစ်ဦးဦးက ထိပ်ပြောင်တာမျိုး ရှိမယ်ဆိုရင် ထိပ်ပြောင်တာကို ခံစားရနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲတာ - ရာသီလာချိန်အပါအဝင် ခန္ဓာကိုယ်မှာ ဟော်မုန်းပြောင်းလဲမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းအမျိုးမျိုးကြောင့်လည်း ကိုယ်တွင်းမှာ အန်ဒရိုဂျင်ဟော်မုန်း မြင့်တက်မှုကို ဖြစ်စေပြီး ဆံပင်ကျွတ်တာ ထိပ်ပြောင်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဖိစီးမှု များတာ - ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြောင့်လည်း ထိပ်ပြောင်နိုင်သလို စိတ်ဖိစီးမှု များနေတာကြောင့်လည်း ထိပ်ပြောင်တာကို ခံစားရနိုင်ပါတယ်။ ကျန်းမာရေး အခြေအနေ - အချို့သော ကျန်းမာရေး အခြေအနေတွေနဲ့ Autoimmune Disorder တစ်ရပ်ရပ်ကို ခံစားနေရမယ်ဆိုရင်လည်း လေဒီလေးတွေမှာ ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်တာကို ဖြစ်စေနိုင်ပါတယ်။ အာဟာရချို့တဲ့တာ - ဆံသားကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ မရရှိတာကြောင့် လေဒီလေးတွေမှာ ထိပ်ပြောင်တာကို ဖြစ်စေနိုင်ပါတယ်။ ဆေးဝါးတွေကြောင့် - အချို့သောဆေးဝါးတွေနဲ့ ကုထုံးတွေ (ဥပမာ - chemotherapy လိုမျိုး ကုထုံးတွေ) ကြောင့်လည်း ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်ပါတယ်။ ဆံပင်ကို တင်းနေအောင် စည်းနှောင်တာ - ဆံပင်တွေကို တင်းနေအောင် အမြဲလိုလို စည်းနှောင်တာက ဆံပင်တွေပေါ်မှာ ဆွဲအားတွေ သက်ရောက်နေပြီး အချိန်ကြာလာတဲ့အခါ ဆံပင်က ကျဲပါးတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆံပင်နှုတ်တတ်တဲ့ အကျင့်ရှိတာ - ဆံပင်ကို အမြဲလိုလို နှုတ်တတ်တာကလည်း လေဒီလေးတွေမှာ ထိပ်ပြောင်တာကို ဖြစ်စေနိုင်ပါတယ်။ အခုလို အခြေအနေတွေကြောင့် လေဒီလေးတွေမှာ ထိပ်ပြောင်တာကို ဖြစ်စေနိုင်ပါတယ်။ လေဒီလေးတွေမှာ ထိပ်ပြောင်နေပြီလား! လေဒီလေးတွေမှာ ထိပ်ပြောင်ပြီဆိုရင် အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ ဦးခေါင်းထိပ် တည့်တည့်မှာ ဆံပင်တွေပါးလာတာ၊ ကျွတ်လာတာမျိုး ဦးခေါင်းထိပ်ပိုင်းမှာ ဆံပင်ပါးတာက ပိုကြီးလာတာ၊ ဆံပင်ပါးတာက ပိုသိသာလာတာ၊ ဦးခေါင်း ဘယ်ဘက် ညာဘက်တွေမှာ အရစ်လိုက် ဆံပင်ပါးလာတာ ဆံပင်တွေက ဗွေနေရာမှာ ပါးလာတာ၊ ဆံပင်တွေ အကွက်လိုက်ပြောင်ပြီး ဦးရေပြားကို မြင်နေရတာ မျိုးတွေကို တွေ့ရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ ဆံပင်ထိပ်ပြောင်တာက ဦးခေါင်းထိပ်နေရာကနေ စဖြစ်တာမျိုးဖြစ်ပြီး ဒီလိုကနေမှ တဖြည်းဖြည်း ဆံပင်က ဘေးဘက်တွေ ကျဲပါးလာတာမျိုး နဖူးစပ်မှာပါ ဆံပင်တွေ ပါးလာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဆံပင်ကျွတ်တာကို သက်သာအောင် လုပ်လို့ရလား! ဆံပင်ကျွတ်တာကို သက်သာစေဖို့ဆိုရင် လိုအပ်တဲ့ ကုထုံးတွေကို ခံယူတာမျိုး လုပ်ပေးလို့ရသလို ဆံပင်သန်စေဖို့ ထောက်ကူပေးနိုင်မယ့် အစားအစာတွေကို စားပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ ဆံသားကို အားဖြည့်ပေးနိုင်မယ့် ဆံသားထိန်းသိမ်းမှု အလေ့အထလေးတွေကို လုပ်ဆောင်ပေးဖို့လည်း လိုပါမယ်။ ဆံပင်ကျွတ်တာကို သက်သာစေဖို့ဆိုရင် သောက်ဆေးသောက်ပေးတာ၊ ရောင်ခြည်ကုထုံးနဲ့ ကုတာ၊ ဆံပင်စိုက်တာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ ဘဝနေထိုင်မှုကို ပြောင်းလဲတဲ့အနေနဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့တာ၊ ဆံသားထိန်းသိမ်းတာမျိုးတွေ လုပ်ပေးတာမျိုး လုပ်ပေးတာကလည်း လေဒီလေးတွေမှာ ထိပ်ပြောင်တာကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာပါ။ Lotoshinn ရဲ့ စကားလက်ဆောင် ထိပ်ပြောင်တာက အမျိုးသားတွေမှာတင် မဟုတ်ဘဲ အမျိုးသမီးတွေမှာပါ ဖြစ်နိုင်ပါတယ်။ လေဒီလေးတွေက တစ်နေ့ကို ဆံပင်အချောင်းရေ ၁၂၅ ပင်နဲ့အထက် ဆုံးရှုံးနေတာပါ။ ဒါကြောင့် နေ့စဉ် စားသုံးမှုတွေကို ဆံသားကျန်းမာစေဖို့ ထောက်ကူပေးနိုင်မယ့် အစားအစာတွေ ပါဝင်အောင် စားသုံးတာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေမယ့် အလေ့အထလေးတွေကို လိုက်နာတာက လေဒီလေးတွေမှာ ထိပ်ပြောင်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိလျှော့ချပေးနိုင်မှာပါ။
| ဆောင်းပါး | ရေးသားသူ | ရက်စွဲ | |
|---|---|---|---|
|
Admin
|
06.08.2025
|
› | |
|
Admin
|
06.08.2025
|
› | |
|
Admin
|
06.08.2025
|
› | |
မြွေနိုင်ပင် ( Abroma Augustum)
ဆေးဖက်ဝင်အပင်များ |
Admin
|
25.07.2025
|
› |
မြင်းခွာရွက် (သို့မဟုတ်) ဉာဏ်ကောင်းစေတဲ့ အရွက်တစ်မျိုး
ဆေးဖက်ဝင်အပင်များ |
Admin
|
25.07.2025
|
› |
|
Admin
|
25.07.2025
|
› | |
|
Admin
|
25.07.2025
|
› | |
|
Admin
|
23.07.2025
|
› | |
ဉာဏ်ကောင်းဖို့ ဘာတွေစားကြမလဲ!
ဆေးဖက်ဝင်အပင်များ |
Admin
|
16.07.2025
|
› |
ဝမ်းချုပ်ခြင်း (Constipation)
အထွေထွေ |
Admin
|
16.07.2025
|
› |
|
Admin
|
15.07.2025
|
› | |
ဉာဏ်ပင် ဉာဏ်ကောင်းစေသလား!
ဆေးဖက်ဝင်အပင်များ |
Admin
|
15.07.2025
|
› |