အထွေထွေကျန်းမာရေး
အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။
ကိုယ်ဝန်ဆောင်ချိန် မာလကာသီး မစားရဘူးလား!
ကိုယ်ဝန်ဆောင်နေချိန်မှာ မာလကာသီး မစားရဘူးနော်။ ဒီစကားက တကယ်ပဲလား… ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီး စားလို့ မရဘူးလားဆိုတာကို ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ နေထိုင်စားသောက်မှုပုံစံက မိခင်ဖြစ်သူရဲ့ ကျန်းမာရေးပေါ်မှာတင် သက်ရောက်မှု ရှိနေတာ မဟုတ်ပါဘူး။ ဗိုက်ထဲက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအပေါ်မှာပါ သက်ရောက်မှု ရှိနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီး စားလို့ ရလားဆိုတာနဲ့ ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။ မာလကာသီး ကောင်းကျိုးများသလား! မာလကာသီးမှာ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ မာလကာသီးက သွေးအားနည်းတာမျိုး မဖြစ်စေဖို့ကာကွယ်ပေးသလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အစာကြေစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါပေမယ့် အများကြီးစားရင်တော့ လေပွတာ၊ သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ အသင့်အတင့်ပဲ စားမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မေမေအတွက်ရော ဗိုက်ထဲက ဘေဘီလေးအတွက်ပါ ကောင်းကျိုးတွေ များလှပါတယ်။ ကိုယ်ဝန်ဆောင်ချိန် မာလကာသီး မစားရဘူးလား! ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီး စားလို့ရပါတယ်။ အလွန်အကျွံတော့ မစားသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန် မှာ မာလကာသီး စားပေးတာက ဘေဘီလေး နဲ့ မေမေမှာ အခုလို ကောင်းကျိုးတွေ ရရှိစေမှာပါ။ ဘေဘီလေးကို ဖွံ့ဖြိုးစေတယ် အာဟာရဓာတ် ကြွယ်ဝတဲ့ မာလကာသီးကို စားပေးမယ်ဆိုရင် ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရဲ့ ကိုယ်ခံအားကို တိုးမြှင့်ပေးပြီး သံဓာတ်စုပ်ယူမှု ကောင်းစေဖို့အတွက် ထောက်ကူပေးနိုင်တာကြောင့် ဘေဘီလေးရဲ့ အရေပြားကို ကျန်းမာစေပြီး တစ်ရှူးတွေ ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဝမ်းချုပ်တာကို သက်သာစေတယ် ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် ဝမ်းချုပ်တာက တော်တော်လေး အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ မာလကာသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာကြေစေဖို့ရော အူမကြီးလှုပ်ရှားမှု ကောင်းစေဖို့နဲ့ အူလမ်းကြောင်း ကျန်းမာစေဖို့ပါ ထောက်ကူပေးပါတယ်။ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးစေတယ် မာလကာသီးမှာ ဖောလစ်အက်ဆစ် ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့နဲ့ အာရုံကြောတွေ ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ကလေးမှာ အာရုံကြောဆိုင်ရာ မွေးရာပါချို့ယွင်းချက် မပါစေဖို့ ကာကွယ်ပေးပြီး မိခင်ကိုလည်း အင်အားပြည့်ဝပြီး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်ဝန်ဆောင်သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ် မာလကာသီးမှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင်သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ခြေထောက်ကြွက်တက်တာကို သက်သာစေတယ် မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်ကြွက်တက်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကလေးရဲ့ အရိုးနဲ့ သွားတွေ ဖွံ့ဖြိုးစေတယ် မာလကာသီးမှာ အရိုးနဲ့ သွားတွေ ကြံ့ခိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ အရိုးနဲ့ သွားတွေကို ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်ပေးတယ် မာလကာသီးက ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးသလို ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါသေးတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီးကို ရှောင်စရာမလိုဘဲ စားပေးလို့ ရပါတယ်။ မာလကာသီးကို အသင့်အတင့် စားပေးတာက ကိုယ်ဝန်ဆောင်မေမေကိုရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင် မာလာကာသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို မိခင်ရော ကလေးကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီးကို အသင့်အတင့် စားပေးမယ်ဆိုရင် မိခင်ရော ကလေးပါ ကျန်းမာစေနိုင်တာကြောင့် လတ်ဆတ်တဲ့ မာလကာသီးကို သေချာသန့်စင်ဆေးကြောပြီး စားပေးလို့ ရပါတယ် လို့ သတင်းပါးချင်ပါတယ်။
ခြေချင်းဝတ်တွေ ရောင်နေတာက နှလုံးစွမ်းဆောင်ရည် ကျဆင်းနေတယ်ဆိုတဲ့ လက္ခဏာပါ
ခြေချင်းဝတ်တွေ ရောင်နေတာက ပုံမှန်အားဖြင့်တော့ ကြီးကြီးမားမား ကျန်းမာရေးပြဿနာ မဟုတ်ဘူးလို့ ယူဆကြတာများပါတယ်။ ဒါပေမယ့် ခြေချင်းဝတ်တွေ ရောင်နေတာက နှလုံးစွမ်းဆောင်ရည် ကျဆင်းနေတယ် ဆိုတာကို ဖော်ပြနေတဲ့ အစောပိုင်းလက္ခဏာ တစ်ရပ်ဖြစ်နေနိုင်ပါတယ်။ နှလုံးက သွေးတွေကို ညှစ်ထုတ်နိုင်ဖို့ ပင်ပင်ပန်းပန်း လုပ်ဆောင်နေရတယ်ဆိုတာကို ဖော်ပြနေတာပါ။ သွေးလည်ပတ်မှု မကောင်းတာနဲ့ နှလုံးစွမ်းဆောင်ရည် ကျဆင်းလာတာကြောင့် ခြေချင်းဝတ်မှာ အရည်တွေစုပုံပြီး ဖောရောင်နေသလို ဖြစ်လာရတာပါ။ အခြားသော လက္ခဏာတွေအနေနဲ့ကတော့ အသက်ရှူရ ပြတ်တောင်းတောင်း ဖြစ်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ ရုတ်တရက် ကိုယ်အလေးချိန်ကျဆင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အစောပိုင်းလက္ခဏာတွေကို သိရှိပြီး အချိန်မီကုသမှု ခံယူနိုင်တာက ရေရှည်မှာ ကောင်းကျိုး များပါတယ်။ ခြေချင်းဝတ်တွေ ရောင်နေတာက နှလုံးစွမ်းဆောင်ရည် ကျဆင်းနေတယ်ဆိုတဲ့ လက္ခဏာပါ ခြေချင်းဝတ်တွေ ရောင်နေတာက နှလုံးစွမ်းဆောင်ရည် ကျဆင်းနေတယ်ဆိုတဲ့ လက္ခဏာပါ။ နှလုံးက သွေးတွေကို ညှစ်ထုတ်ဖို့ အတော်ကို ရုန်းကန်နေရတာမျိုး ဖြစ်မယ်ဆိုရင်တော့ အရည်တွေက ခန္ဓာကိုယ် အောက်ဖက်ပိုင်းမှာ စုပုံပြီး ခြေချင်းဝတ်မှာ ရောင်ရမ်းတာတွေ ဖြစ်လာတာပါ။ နှလုံးစွမ်းဆောင်ရည် ကျဆင်းတာက နှလုံးရပ်တန့်သွားတယ်လို့ မဆိုနိုင်ပါဘူး။ ခြေချင်းဝတ်မှာ အရည်တွေစုပုံပြီး ခြေထောက်တွေကို ဖောရောင်စေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ ဒါကတော့ - နှလုံးအားနည်းတာကြောင့် သွေးလည်ပတ်မှု မကောင်းဖြစ်ပြီး ခြေကုန်လက်ပမ်းကျတာ၊ ပြင်းထန်တဲ့ နာမကျန်းမှုတွေကို ခံစားနေရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ သွေးကြောတွေထဲမှာ သွေးဖိအားများပြီး အနီးတဝိုက်က တစ်ရှူးတွေမှာ အရည်တွေ စုပုံနေတာမျိုးပါ ကျောက်ကပ်တွေက စွမ်းဆောင်ရည် ကျဆင်းလာတဲ့ အခါမျိုးမှာလည်း ကိုယ်ထဲက ဆိုဒီယမ်နဲ့ ရေတွေကို စွန့်ထုတ်နိုင်ဖို့ ခက်ပြီး ခြေချင်းဝတ်ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ ဟော်မုန်းတွေ ပြောင်းလဲတာက သွေးပမာဏကို ထိခိုက်စေနိုင်ပြီး ကိုယ်တွင်းမှာ အရည်တွေစုပုံတာ၊ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ အနှောင့်အယှက်ဖြစ်တာမျိုးကို ခံစားရနိုင်ပါတယ်။ ကမ္ဘာမြေဆွဲအားကြောင့်လည်း ခြေချင်းဝတ်မှာ အရည်တွေစုပုံပြီး ဖောရောင်တာကို ဖြစ်စေနိုင်ပါတယ်။ နှလုံးကျန်းမာရေး မကောင်းတာကြောင့် ရောင်ရမ်းတာဆိုရင်တော့ - ခြေချင်းဝတ် နှစ်ဖက်စလုံးက ဖောရောင်ပြီး ခြေချင်းဝတ်တွေ ကြီးနေတာမျိုး ခြေချင်းဝတ် အရေပြားတွေ တင်းနေတာမျိုး ဖြစ်မယ် ဖိနပ်တွေ၊ ခြေအိတ်တွေက တင်းကြပ်နေမယ် ညနေပိုင်းတွေနဲ့ တစ်နေကုန် မတ်တတ်ရပ်ထားရတဲ့ အခြေအနေမျိုးမှာ ခြေထောက်တွေက ပိုရောင်တာမျိုး ဖြစ်မယ်။ နှလုံးစွမ်းဆောင်ရည် ကျဆင်းတာကြောင့် ခြေချင်းဝတ်ရောင်တာက ခြေထောက်နှစ်ဖက်စလုံး အညီအမျှ ရောင်နေတာမျိုး ဖြစ်နိုင်ပြီး ထိခိုက်ဒဏ်ရာကြောင့် ရောင်တာမျိုးဆိုရင်တော့ ခြေထောက် တစ်ဖက်တည်းပဲ ရောင်တာမျိုး ဖြစ်နိုင်ပါတယ်။ နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းရဲ့ အခြားသောလက္ခဏာများ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေအပြင် နှလုံးစွမ်းဆောင်ရည် ကျဆင်းနေပြီဆိုရင် အခုလို လက္ခဏာတွေ ကိုလည်း ခံစားရနိုင်ပါတယ်။ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ (အထူးသဖြင့် လှဲလျောင်းနေတဲ့ အချိန်နဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီးချိန်မှာပါ) အလွန်အမင်းပင်ပန်းတာ၊ အားမရှိသလို ခံစားနေရတာ နှလုံးခုန်နှုန်း မြန်နေတာ၊ နှလုံးစည်းချက် မမှန်တာ အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် သိသိသာသာ တက်လာတာ ညဘက်တွေမှာ ဆီးခဏခဏ သွားတာ ချောင်းဆိုးတာ၊ အသက်ရှူရင် တရွှီရွှီ မြည်တာက မသက်သာဘဲ ရှိနေတာ ဒီလက္ခဏာတွေက တဖြည်းဖြည်းနဲ့ အစပျိုးလာတာမျိုး ဖြစ်နိုင်သလို ရုတ်တရက် ဖြစ်ပေါ်လာတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို ကုသလို့ ရမလဲ! နှလုံးစွမ်းဆောင်ရည် ကျဆင်းနေပြီဆိုရင်တော့ နှလုံးစွမ်းဆောင်ရည် ကောင်းမွန်တိုးတက်လာစေဖို့နဲ့ ဖောရောင်နေတာတွေကို သက်သာစေဖို့အတွက် လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့ လိုပါမယ်။ ဆေးသောက်တာမျိုးတွေ လုပ်ဖို့ လိုပါမယ်။ နေ့စဉ်နေထိုင်မှုပုံစံကို ပြောင်းလဲမှုအနေနဲ့ကတော့ - ဆား၊ အငန်လျှော့စားပါ နားနေနေတဲ့အချိန်တွေမှာ ခြေထောက်တွေကို ခေါင်းအုံးခပ်မြင့်မြင့်လေးနဲ့ ခုထားပေးပါ နေ့တိုင်း ကိုယ်အလေးချိန်ကို ချိန်ပါ သွေးလည်ပတ်မှုကောင်းဖို့နဲ့ နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ ပေါ့ပေါ့ပါးပါး ကိုယ်လက်လေ့ကျင့်ခန်းလေး လုပ်ပေးပါ။ အခုလို အခြေအနေမှာ ချက်ချင်း ကုသမှု ခံယူပါ နှလုံးစွမ်းဆောင်ရည် ကျဆင်းတာကြောင့် အခုလို လက္ခဏာတွေကို ခံစားနေရပြီဆိုရင် ချက်ချင်းကုသမှု ခံယူဖို့ လိုပါမယ်။ ခြေချင်းဝတ်တွေ၊ ခြေထောက်တွေ ရောင်တာပိုဆိုးလာမယ်ဆိုရင် နားနေချိန်မှာတောင်မှာ အသက်ရှူရတာ ပြတ်တောင်းတောင်း ဖြစ်နေမယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာတင် ၅ ပေါင်လောက် တက်လာတာမျိုး ဖြစ်မယ်ဆိုရင် ရင်ဘတ်အောင့်တာ၊ ချာချာလည် မူးတာ၊ သတိလစ်တာမျိုး ဖြစ်မယ်ဆိုရင် ချက်ချင်း လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။ Lotoshinn ရဲ့ စကားလက်ဆောင် ခြေချင်းဝတ်တွေ ရောင်နေတယ်ဆိုတာက နှလုံးစွမ်းဆောင်ရည် ကျဆင်းနေတယ်ဆိုတာကို ဖော်ပြနေတာပါ။ နှလုံးကသွေးတွေကို ထိထိရောက်ရောက် ညှစ်ထုတ်နိုင်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေပါ။ အခြားသော လက္ခဏာတွေ အနေနဲ့ အသက်ရှူရ ပြတ်တောင်းတောင်းဖြစ်တာ၊ ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေကို စောစော သိရှိနိုင်ဖို့က အရေးကြီးပါတယ်။ ခြေချင်းဝတ် နှစ်ဖက်စလုံးရောင်ရမ်းနေတာ၊ ခြေချင်းဝတ်တဝိုက်က အသားတွေ တင်းနေတာ၊ ညနေပိုင်းမှာ လက္ခဏာတွေ ပိုဆိုးလာတာက အတွေ့ရများတဲ့ လက္ခဏာတွေပါ။ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူဖို့ လိုပါမယ်။